Powered by Blogger.

ပေ ၆၀၀ အမြင့်ရှိ ဖန်သားတံတားပေါ်က အမျိုးသမီး ၁၀၀ရဲ့ ယောဂပြကွက်





တရုတ်နိုင်ငံက မြေပြင်အထိ ဖောက်ထွင်းမြင်ရတဲ့ ဖန်သားတံတားပေါ်မှာ ယောဂကျင့်သူ အမျိုးသမီးပေါင်း ၁၀၀ ကျော် စုစည်းပြီး ယောဂပြကွက်များ ပြသခဲ့တာဖြစ်ပါတယ်။




Hunan စီရင်စု Shiniuzhai National Geological Park အတွင်းရှိ ပေ ၁၀၀၀ ရှည်လျားပြီး ပေ၅၉၀ အမြင့်ရှိတဲ့ တံတားပေါ်မှာ ယောဂလေ့ကျင့်ခန်းတွေကို အမျိုးသမီးပေါင်း ၁၀၀ ကျော်က အ၀ါရောင်ဝတ်စုံများဝတ်ဆင်ပြီး တင်ဆက်ပြသနေကြပုံကို မောင်းသူမဲ့လေယာဉ်ကင်မရာဖြင့် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။




ဒီတင်ဆက်ပြသမှုက ကျန်းမာပြီး ညီညွတ်မျှတဲ့ လူနေမှုဘ၀စတိုင်ကို မြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်ပါသတဲ့။

 ယောဂကျင့်စဉ်ဟာ တရုတ်ပြည်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ကျေးလက်ဒေသပါမကျန် လေ့လာလိုက်စားနေတဲ့ ကျန်းမာရေးကျင့်စဉ်တစ်ခု ဖြစ်နေပါပြီ။



( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment