Powered by Blogger.

ဆီးရီးယား မှာရှိတဲ့ IS အဖွဲ့ရဲ့ ဂျီဟတ်ဒီ လေ့ကျင့်ရေးစခန်း ကို ပြင်သစ်နိုင်ငံက လေကြောင်းတိုက်ခိုက်မှု စတင်




မနေ့ည(တနင်္ဂနွေနေ့) တုန်းက ပြင်သစ်နိုင်ငံဟာ ပါရီအကြမ်းဖက်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဆီးရီးယား မှာရှိတဲ့ IS အဖွဲ့ရဲ့ ဂျီဟတ်ဒီ လေ့ကျင့်ရေးစခန်း ကို လေကြောင်းတိုက်ခိုက်မှု တွေ စတင်ခဲ့ပါတယ်။

မနေ့ကပဲ ပြင်သသစ်နိုင်ငံ ရဲ့ သမ္မတဖြစ်သူ Francois Hollande ဟာ သောကြာင်္နေ့ညတုန်းက ပါရီအကြမ်းဖက်မှုကို စတင်ပြီး လူဦးရေ ၁၂၉ ယောက်ကို သေဆုံးစေခဲ့တဲ့ အစ္စလာမ် အစွန်းရောက် IS အဖွဲ့ကို ဖြိုခွင်းဖို့ လေးနက်တည်ကြည်စွာ ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။

ထို ကြေညာမှု ပြုလုပ်ပြီး ၂၄ နာရီအတွင်းမှာပဲ ဖိုက်တာဂျက်လေယာဉ် ၁၀ စီးခန့်ဟာ ISIS အဖွဲ့တွေ စခန်းချနေတဲ့ Raqqa မြို့တွင်းကို ဗုံးအလုံး ၂၀ ခန့် ကြဲချခဲ့တယ်လို့ ပြင်သစ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။ ထို စစ်လေယာဉ်တွေဟာ UAE နိုင်ငံ အခြေစိုက်လေတပ်စခန်းကနေ ထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ်။

ထို စစ်လေယာဉ်တွေဟာ IS အဖွဲ့ရဲ့ ညွှန်ကြားရေးနဲ့ထိန်းချုပ်ရေးစင်တာ ၊ ဂျီဟတ်ဒီစုဆောင်ရေး စင်တာ ၊ လက်နက်သိုလှောင်ရုံ နဲ့ လေ့ကျင့်ရေး စခန်းတိ့ကို ရည်ရွယ်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပြင်သစ် အစိုးရ က အခိုင်အမာဆိုထားပါတယ်။

ကြေညာချက်ထဲမှာတော့ "ဖိုက်တာဂျက် ၁၀ စီးပါဝင်တဲ့ တိုက်ခိုက်မှုဟာ ယူအေအီး နိုင်ငံနဲ့ ဂျော်ဒန်နိုင်ငံတို့ကနေ ချက်ချင်း စတင်ထွက်ခွာခဲ့တာဖြစ်ပြီး ဗုံးအလုံး ၂၀ ကြဲခဲ့ပါတယ်" လို့ ရေးသားထားပါတယ်။

ဆီးရီးယား အရေးတက်ကြွလှုပ်ရှားသူတွေကတော့ ပြင်သစ်နိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားမှာရှိတဲ့ ပြတိုက်တစ်ခု ၊ အားကစားကွင်းတစ်ခု နဲ့ ဆေးပညာ စင်တာ တစ်ခုတို့ ထိခိုက်မိခဲ့ကြောင်း အခိုင်အမာဆိုထားပါတယ်။ ဒါပေမယ့်လည်း ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ တစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

ပါရီအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားစဉ်တုန်းက ပြင်သစ်နိုင်ငံ သမ္မတ Francois Hollande ဟာ ပြင်သစ်နဲ့ဂျာမနီနိုင်ငံတို့ယှဉ်ပြိုင်ကစားနေတဲ့ ဘောလုံး အားကစားကွင်းထဲမှာရှိနေခဲ့တာ ဖြစ်ပြီး ပွဲစပြီး ၁၅ မိနစ်ခန့်မှာ သမ္မတ ဆီကို ဖုန်းဝင်လာတဲ့အတွက် အားကစားကွင်း ထိန်းချုပ်ရေးအခန်းထဲ အလျင်အမြန်ရွှေ့ပြောင်းခဲ့ရတာဖြစ်ပါတယ်။

ISIS အဖွဲ့က ဦးဆောင်ခဲ့တယ်လို့ အခိုင်အမာသိထားရတဲ့ ထို အကြမ်းဖက်မှုကို သောကြာင်္နေ့ညက ပြင်သစ်နိုင်ငံ ပါရီ မြို့ရဲ့ အထင်ကရ နေရာ ၄ ခုမှာ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment