Powered by Blogger.

IS တွေက အစ္စလာမ်အမည်နာမနဲ့ လုပ်ခဲ့တာကို အစ္စလာမ်ဘာသာဝင်တွေက လက်မခံ



အပြစ်မဲ့ အသက်တစ်ချောင်းကို နှုတ်ယူသွားဖို့ တရားစီရင်နိုင်တယ်ဆိုတာ အစ္စလာမ်ဘာသာမှာ မရှိပါဘူး။ လူသတ်ကောင် IS အစွန်းရောက်တွေအနေနဲ့ အစ္စလာမ်အမည်နာမကို အသုံးချပြီး သတ်ဖြတ်ခဲ့တာတွေကို ခွင့်လွှတ်စရာ လက်ခံနိုင်စရာလည်း မရှိပါဘူး။ ဒီ ဒုစရိုက်ဂိုဏ်းဟာ ကျွန်တော်တို့ရဲ့ ဘာသာရေးယုံကြည်မှုကို နာမည်ပျက်အောင် လုပ်ဆောင်ခဲ့တာပါ။ ပြီးတော့ အစ္စလာမ်ရဲ့ ဂုဏ်သိက္ခာကို ညစ်ထေးအောင် လုပ်ခဲ့တာပါ။

မူဆလင် ခေါင်းဆောင်တွေအနေနဲ့ ဒီကိစ္စကို နောက်မကျသွားခင် အရေးယူဆောင်ရွက်သင့်ပါတယ်။

ပါရီမှာ အရမ်းထိတ်လန့်ဖို့ကောင်းတဲ့ လူသတ်မှုကြီးကို ကျွန်တော်တို့အစ္စလာမ်တွေ တရားဝင်ခွင့်ပြုထားတာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ပြသသင့်ပါတယ်။ လူမဆန်တဲ့လုပ်ရပ်ကို လုပ်ဖို့ရာလည်း ကျွန်တော်တို့ ကောင်းချီမပေးပါဘူး။ လူအစုလိုက်အပြုံလိုက် သတ်တာတွေကို ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေက ခွင့်မပြုဘူးဆိုတာ အတုယူလွယ်တဲ့ လူငယ်မူဆလင်တွေကို ကျွန်တော်တို့က သက်သေပြရပါမယ်။

ပြင်သစ်မူဆလင် အသိုင်းအဝိုင်းအနေနဲ့ ဒီ့ထက်ပိုပြီး ယတိပြတ်လုပ်သင့်ခဲ့ပါတယ်။ မိမိတို့အနေနဲ့ လမ်းတွေပေါ်မှာ ချီတက်ပြီး "ငါတို့အမည်နဲ့မဟုတ်ဘူး။" "အစ္စလာမ် အမည်နာမနဲ့ မဟုတ်ဘူး။" လို့ ဟစ်ကြွေးသင့်ပါတယ်။

အထက်ပါ အကြောင်းအရာများကို Daily Mail သတင်းဌာနမှ ဒေါက်တာ တာ့ရ် ဟာဂျီက ဆောင်းပါးရေးခဲ့တာဖြစ်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Daily Mail



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment