Powered by Blogger.

လန်ဒန်မြို့က စစ်သင်္ချိုင်း တစ်ခု ၊ မှုတ်ဆေး မှုတ်ပြီး ဖျက်ဆီးခံရ




လန်ဒန်မြို့မှာရှိပြီး ပထမ ကမ္ဘာစစ်တုန်းက သေဆုံးခဲ့ရတဲ့ သြစတြေးလျ နဲ့ နယူးဇီလန် နိုင်ငံသား တွေရဲ့ စစ်သင်္ချိုင်း အုတ်ဂူ တွေကို မှုတ်ဆေးဘူး နဲ့ ဖျက်ဆီးမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီလို စိတ်ပျက်စရာ ကောင်းတဲ့ ဖျက်ဆီးမှု မျိုးကို လန်ဒန်မြို့ Hillingdon မြို့နယ် ၊ Harefield ချာ့ခ်ျ ၀င်းထဲမှာ တနင်္ဂနွေနေ့ မနက်က တွေ့လိုက်တာပဲဖြစ်ပြီး သက်ဆိုင်ရာ ကိုလည်း အကြောင်းကြားပြီး ဖြစ်တယ်လို့သိရပါတယ်။ ရဲတပ်ဖွဲ့တွေကတော့ ဒါကို မှားယွင်းတဲ့ လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ပြည်သူတွေကို ပူးပေါင်းကူညီကြဖို့ နှိုးဆော်ထားပါတယ်။

အောက် လွှတ်တော် အမတ် တစ်ဦးက တော့ သူမအနေနဲ့ သြစတြေးလျ နဲ့ နယူးဇီလန် စစ်တပ် က အုတ်ဂူတွေကိုပဲ ဒီလို ဖျက်ဆီးခံရတဲ့အတွက် သူမအနေနဲ့ မျက်ရည်ကျမိခဲ့တယ်လို့ ဆိုထားပါတယ်။

Harefield ချာ့ခ်ျ ၀င်းအတွင်း ပထမ ကမ္ဘာစစ်တုန်းက သေဆုံးခဲ့သူတို့ရဲ့ အုတ်ဂူ ၁၂၀ ရှိပြီး အများစုကတော့ Harefield ပန်းခြံထဲက Australian Auxiliary ဆေးရုံ မှာ သေဆုံးခဲ့တဲ့ သြစတြေးလျ လူမျိုးတွေပဲ ဖြစ်ကြပါတယ်။

ထူးဆန်းတာကတော့ ဒီလို အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တာ ဒါဟာ ဒုတိယ အကြိမ်မြောက်ပါ။ ဒီနှစ် အစောပိုင်းတုန်းကလည်း သင်္ချိုင်းတစ်ခုအတွင်းမှာရှိတဲ့ ကျောက်တိုင်ကို မှုတ်ဆေး နဲ့ ခြယ်သ ဖျက်ဆီးခံခဲ့ရဖူးပြီး အခမ်းအနား တစ်ခုမှာလည်း သြစတြေးလျ အလံ ကို ဖျက်ဆီးခဲ့ဖူးပါတယ်။

Hillingdon ရဲတပ်ဖွဲ့ရဲ့ အထူးစုံထောက် Rob Bryan ကတော့ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ရရှိထားပါက သက်ဆိုင်ရာ နဲ့ ဆက်သွယ်ပေးဖို့ ညွှန်ကြားထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment