Powered by Blogger.

အေးခဲတဲ့ရာသီဥတုမှာ လေယာဉ်တောင်ပံ ရေခဲပြီး ပျက်ကျမှုကို တားဆီးဖို့  ပင်ဂွင်းငှက်တွေက အဓိက သော့ချက်ဖြစ်နေ




ပင်ဂွင်းငှက်တွေဟာ အလွန်အေးခဲတဲ့ရာသီဥတုမှာ ဘာလို့ ရေခဲမခဲလဲဆိုတဲ့အချက်ဟာ လေယာဉ်တွေ ပျက်ကျခြင်းကနေ ကြိုတင်ကာကွယ်ရာမှာ အဓိကသော့ချက်တစ်ခုဖြစ်နေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

အပူချိန် အနုတ် ၄၀ ဒီဂရီဆဲလ်စီးယပ်အောက်အထိ ကျဆင်းနိုင်တဲ့ရာသီဥတုမျိုးနဲ့ အေးခဲနေတဲ့ပင်လယ်ရေထဲ ကို မကြာခဏငုပ်လျှိုးနေတာတောင် ပင်ဂွင်းငှက်တွေရဲ့ အတောင်မှာ ဘာလို့ ရေခဲလုံးဝမကပ်နေရလဲဆိုတာကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ဒီအချက်ကို လေယာဉ်တွေရဲ့ တောင်ပံတည်ဆောက်မှုနည်းပညာမှာထည့်သွင်းအသုံးချနိုင်မယ်ဆိုရင်၊ လေယာဉ်တောင်ပံမှာ ရေခဲတွေ ဖြစ်ပေါ်စွဲကပ်ကာ၊ တစ်ချို့ အခြေအနေတွေမှာ လေယာဉ်ပျက်ကျတဲ့အထိ ဖြစ်ရမှုကို တားဆီးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ပင်ဂွင်းတွေရဲ့အတောင်တွေမှာ ရေဓာတ်စိမ့်မ၀င်နိုင်တဲ့အဆီတစ်မျိုးပါရှိပြီး၊ အအေးစက်ဆုံးဒေသက ပင်ဂွင်းတွေဟာ အနည်းငယ်ပိုနွေးတဲ့အရပ်က ပင်ဂွင်းတွေထက် အဆီပိုများတဲ့အတောင်တွေ ပါရှိနေတာကို လေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာတွေက တွေ့ ရှိခဲ့ပါတယ်။

ပင်ဂွင်းတွေရဲ့အတောင်ပံတွေဟာ အဆီတစ်မျိုးပါဝင်တဲ့ရှုပ်ထွေးတဲ့နာနိုတည်ဆောက်ပုံမျိုးရှိပြီး အတောင်ထဲကို အရည်စက်တွေစိမ့်ဝင်ဖြစ်တည်မှုကို တားဆီးပေးနိုင်ပါတယ်။ အတောင်မှာ အလွန်သေးငယ်တဲ့ချွေးပေါက် ကလေးတွေ ပါရှိပြီး အဆိုပါချွေးပေါက်ထဲမှာ လေကို ပိတ်လှောင်ထားကာ အမြီးနားမှာရှိတဲ့ ဂလင်းကနေ ထွက်ရှိတဲ့အဆီတစ်မျိုးကို တောင်ပံအနှံ့ ပျံ့နှံ့ စေတာဖြစ်ပါတယ်။ အဆိုပါနည်းလမ်းအားဖြင့် ရေစက်တွေ စိမ့်မ၀င်နိုင်တဲ့ အဆီအလွှာတစ်ခုဖြစ်ပေါ်သွားပြီး ရေစက်တွေဟာ အဆီလွှာကနေ အပြင်ကို ပြန်စိမ့်ကျသွား တယ်လို့ University of California Los Angeles က သုတေသနပညာရှင်တွေက ရှင်းပြပါတယ်။

ဒီသဘောတရားကို လေယာဉ်တောင်ပံ၊ လေယာဉ်တောင်ပံမှာ ရှိတဲ့ လေယာဉ်ဦးခေါင်း အငိုက်၊အမော့ထိန်းအချပ်ပြား flap တွေနဲ့ လေယာဉ်နောက်မြီးက တက်မတွေမှာ ရေခဲဖြစ်ပေါ်ကာ လေယာဉ်ရဲ့ အယ်ရိုဒိုင်နမစ်ဂုဏ်သတ္တိတွေကို ပြောင်းလဲစေမှုကို ကာကွယ်ရာမှာ အသုံးချနိုင်မယ့် မျှော်မှန်းထားပါတယ်။ အခုလို လေယာဉ်တောင်ပံတွေမှာ ရေခဲကပ်မှုဟာ လေယာဉ်ပျက်ကျမှုတွေရဲ့ အဓိကအကြောင်းရင်းတစ်ခု လည်း ဖြစ်ပါတယ်။

တစ်ချို့ လေယာဉ်တွေမှာ de-icer ခေါ် ရေခဲမတင်အောင် ဖျန်းရတဲ့ဓာတုပစ္စည်းတွေ သုံးလေ့ရှိပေမယ့် ဒီနည်းလမ်းဟာ အလွန်ဈေးကြီးပြီး စိတ်မချရမှုတွေရှိနိုင်ပါတယ်။ ဒါကြောင့်မို့ လို့ ပင်ဂွင်းတွေရဲ့ သဘာဝအရ ရေခဲလုံးဝမကပ်တဲ့ဖြစ်စဉ်ကို နည်းယူကာ လေယာဉ်တွေမှာသုံးနိုင်ဖို့ အတွက် ယခုစာတမ်းကို အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ရူပဗေဒညီလာခံတစ်ခုမှာ တင်သွင်းသွားမှာဖြစ်တယ်လို သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment