Powered by Blogger.

ISIS ဟက်ကာအဖွဲ့ က FBI နဲ့ CIA မှာရှိတဲ့ ၀န်ထမ်းတွေရဲ့ အမည်နဲ့ လိပ်စာတွေကို ဖော်ထုတ်





ISIS အစွန်းရောက် အကြမ်းဖက်သမား တပ်ဖွဲ့နဲ့ ပတ်သက်နေတယ်လို့ ယူဆရတဲ့ အကောင့်တွေကနေ အမေရိကန် အစိုးရ ပိုင်း ၀န်ထမ်း တွေရဲ့ လိပ်စာ နဲ့ အမည်တွေကို ဖော်ပြပြီး သတ်စေချင်တဲ့ လူတွေအဖြစ် စာရင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုစာရင်းထဲမှာ ပါဝင်သူတွေအားလုံးဟာ FBI နဲ့ CIA တို့က ၀န်ထမ်းတွေဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

Vocativ သတင်းဌာန က ဖော်ပြခဲ့တာကတော့ ISIS နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ Twitter အကောင့် တစ်ခုကနေ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေး နည်းပညာ အေဂျင်စီ ၊ အမျိုးသား အကြမ်းဖက်မှု နှိမ်နင်ရေး စင်တာ နဲ့ အမျိုးသား လုံခြုံရေး ဌာန တို့မှာ အလုပ်လုပ်နေတယ်ဆိုတာ အခိုင်အမာဆိုနိုင်တဲ့ လူတွေရဲ့ နာမည်နဲ့ လိပ်စာတွေကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

အနည်းဆုံး ထိုနာမည်တွေထဲက တစ်ချို့ဟာလည်း အွန်လိုင်းပေါ်မှာတင်ရှာဖွေနိုင်နေပါတယ် လို့ ISIS အဖွဲ့ရဲ့ ဆိုက်ဘာ တပ်ဖွဲ့ဖြစ်တဲ့ ဟက်ကာ အဖွဲ့က ဆိုထားပါတယ်။ ထို နာမည်စာရင်းတွေကို အွန်လိုင်းမှာ တင်ခဲ့တဲ့ အကောင့်မှာ အရှေ့အလယ်ပိုင်းဒေသ တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် စစ်တပ် အဖွဲ့ဝင်တွေကိုလည်း ဖော်ပြခဲ့ပါသေးတယ်။

ကမ္ဘာတစ်ဝှမ်းက စစ်သားများ လို့ အမည်ရတဲ့ အကောင့် တစ်ခုကလည်း ဗြိတိန် ၊ ရုရှား ၊ ပြင်သစ် ၊ သြစတြေးလျ နဲ့ တောင်အာဖရိက တို့မှာရှိနေတဲ့ စစ်သားတစ်ယောက်ချင်းစီရဲ့ သတင်းအချက်အလက်တွေကို ဖော်ပြထားပါသေးတယ်။ အဲဒီလို အမည်စာရင်းတွေ ဖော်ပြလိုက်လို့ ဘာတွေထိခိုက်မှု ရှိလာနိုင်သလဲတော့ မသိသေးပေမယ့် စာရင်းထဲမှာပါတဲ့ တစ်ယောက်ကလည်း သူဟာ ဗြိတိန် စစ်သား ဟောင်း တစ်ယောက်ဖြစ်တယ်ဆိုတာကို အွန်လိုင်းမှာ ပြန်ပြောထားပါတယ်။

Islamic State Hacking Division လို့အမည်ပေးထားတဲ့ ဟက်ကာ အဖွဲ့ဟာ မတ်လတုန်းကလည်း "သတ်ရမယ့်စာရင်း" ဆိုပြီး အမေရိကန် စစ်သား အယောက် ၁၀၀ ရဲ့ အမည်နဲ့ လိပ်စာ တွေကို ဖော်ပြဖူးပါတယ်။ အဲဒီလို စစ်သားတွေကို တိုက်ခိုက်ခြင်းကို "တစ်ကိုယ်တည်း ၀ံပုလွေ" စစ်ဆင်ရေးလို့လည်းသူတို့က အမည်ပေးထားပြီး ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ဒေတာစခန်း ကနေ သတင်းအချက်အလက်တွေကို ရရှိခဲ့တာဖြစ်တယ်လို့လည်း ထို အဖွဲ့က ဆိုထားဖူးပါတယ်။

ဒီလို Hack လုပ်ခံရမှုတွေအပြီးမှာ စစ်ပိုင်းဆိုင်ရာ တွေဖြစ်ကြတဲ့ စစ်တပ်နဲ့ ရေတပ် အဖွဲ့အစည်းတို့က လူမှုမီဒီယာ ပေါ်မှာ သတင်းအချက်အလက်တွေကို သီးသန့်ဖြစ်နေအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို တိုင်ပင်နေကြပါပြီ။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment