Powered by Blogger.

၁၀ နှစ်ခန့်ပျောက်ဆုံးနေပြီး သေစာရင်းသွင်းခံထားရတဲ့ အမျိုးသမီး ၊ အင်တာနက်ကဖေး တစ်ခုမှာ နေထိုင်နေတာ ပြန်တွေ့




လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံးသွားခဲ့ပြီ သေစာရင်း သွင်းခံထားရတဲ့ အမျိုးသမီး တစ်ဦး ဟာ အင်တာနက် ကဖေး တစ်ခုမှာ နေထိုင်နေတာကို ပြန်တွေ့ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

ဆယ်စုနှစ်တစ်ခုခန့်ပျောက်ဆုံးနေခဲ့တဲ့ ထိုအမျိုးသမီးဟာ ၂၀၀၅ ခုနှစ်က စတင်ကာ အင်တာနက် ကဖေး တွေမှာ ပြောင်းရွှေ့နေထိုင်နေပြီး ဂိမ်းကစားနေခဲ့တာ ဖြစ်ပါတယ်တဲ့။ သူမနာမည်ကတော့ Xiao Yun လို့ခေါ်ပြီး အသက် က ၂၄ နှစ်ရှိနေပါပြီ။ သူမဟာ ၂၀၀၅ ခုနှစ်မှာ သူမနေထိုင်ရာ တရုတ်နိုင်ငံ အရှေ့ပိုင်းက Zhejiang စီရင်စုမှာရှိတဲ့နေအိမ်ကနေ ထွက်ပြေးလာခဲ့တာဖြစ်ပြီး ထိုအချိန်ကတည်းက သူမကို ရှာမတွေ့တဲ့အတွက်သူမကို သေစာရင်းထဲ ထည့်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သူမကို ရဲအရာရှိတွေက နိုဝင်ဘာ ၂၀ ရက်နေ့က အင်တာနက် ကဖေးကို လမ်းကြောင်းစစ်ဆေးရေး ၀င်ရောက်စစ်ဆေးကြည့်ရှုရာကနေ ပြန်တွေ့ခဲ့တာဖြစ်တယ်လို့ The Strait Times သတင်းဌာနက ဖော်ပြထားပါတယ်။

သူမဟာ နိုင်ငံသားစီစစ်ရေး ကတ်ပြားအတု ကို ကိုင်ဆောင်ထားပြီး ရဲစခန်းမှာ ထွက်ဆိုခဲ့တာကတော့ သူမအနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလုံး အင်တာနက် ဆိုင်တွေမှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ သူမဟာ first-person သေနတ်ပစ် ဂိမ်း တစ်ခုဖြစ်တဲ့ CrossFire ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်နေပြီး သူမအခုလို ဆယ်စုနှစ်တစ်ခုလုံး ဂိမ်းပဲ ဆော့နေနိုင်ဖို့အတွက် အသက်မွေးဝမ်းကျောင်းအဖြစ် ပေးကမ်းစွန့်ကြဲသမျှ ကို ယူငင်ကာ အင်တာနက် ကဖေးတွေရဲ့ ငွေကိုင်အဖြစ်လည်း အခါအားလျော်စွာ လုပ်ကိုင်ခဲ့တယ်လို့ Xiao Yun က ထွက်ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရတော့ သူမကို သူမရဲ့ အဖိုးအဖွား တွေဆီကို ပြန်လည်ပေးပို့လိုက်ပြီလို့လည်း သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူမကို မှတ်ပုံတင်အတုကိုင်ဆောင်မှုနဲ့ ဒဏ်ငွေ စတာလင်ပေါင် ၅၀၀၀ ကျခံစေခဲ့တယ်လို့သိရပါတယ်။

"ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်နေစိတ်ထားရှိခဲ့တယ်။ ဒေါသထွက်လွယ်သူတစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မ သူမကို အမြဲဆူပူလေ့ရှိတယ်။ ဒါပေမယ့် ၁၀ နှစ်ရှိခဲ့ပါပြီ အခုလည်း သူမ အရွယ်ရောက်နေပါပြီ။ ကျွန်မ သူမကို နောက်ထပ် ဆူပူတော့မှာ မဟုတ်ပါဘူး" လို့ Xiao Yun ရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment