Powered by Blogger.

မားစ် ဂြိုလ်ပေါ်မှာ ဧရာမ ကြွက်တစ်ကောင် နဲ့ ဆင်တူတဲ့ ပုံရိပ်တစ်ခု ကို ထပ်မံ ရှာဖွေတွေ့ရှိပြန်




ဂြိုလ်သား တွေအကြောင်း လေ့လာစူးစမ်းသူတွေဟာ မားစ် ဂြိုလ်ပေါ်မှာ ဧရာမ ကြွက်တစ်ကောင်ကို တွေ့လိုက်ရပြီးတဲ့နောက် ကမ္ဘာကြီးရဲ့ အပြင်ဘက်မှာလည်း သက်ရှိတွေရှိနေတယ်ဆိုတာကို သက်သေပြနိုင်ပြီလို့ ဆိုပါတယ်။

ဒီဓါတ်ပုံကတော့ NASA ရဲ့ မားစ်ဂြိုလ် နဲ့ပတ်သက်တဲ့ ဓါတ်ပုံထုတ်ပြန်မှုကနေ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ အာကာသ ဆိုင်ရာ တက်ကြွလေ့လာသူတစ်ယောက်ဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် Joe White ဟာ ထို ဓါတ်ပုံထဲမှာ အနက်ရောင် ပုံပန်းသဏ္ဍန်တစ်ခုကို တွေ့ရှိခဲ့ပြီး ထို ပုံရိပ်ဟာ ကြွက်တစ်ကောင်ရဲ့ ပုံရိပ်နဲ့ ဆင်တူနေတာကိုတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံ ၊ Bristol မြို့မှာနေထိုင်ပြီး အာကာသဆိုင်ရာ ဂျာနယ်လစ် တစ်ယောက်လည်းဖြစ်တဲ့ Joe က "အဲဒါက ဧရာမ ကြွက်ကြီးတစ်ကောင် ဂြိုလ်ပေါ်မှာ ထိုင်နေတာနဲ့ တူပါတယ်။ ဒါဟာ အမြင်မှားတဲ့ ပုံရိပ်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီပုံရိပ်မှာ နားရွက်ကြီးတွေ ၊ နှာခေါင်းတွေနဲ့ မျက်လုံးတွေကို တွေ့နေရပါတယ်။ ဒီကြွက်ကြီးဟာ ၂ ပေ(သို့) ၃ ပေခန့် အလျားရှိပါတယ်" လို့ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အဲဒီဓါတ်ပုံကိုတော့ အောက်တိုဘာ ၂၇ ရက်နေ့က အာကာသ သွား မောင်းသူမဲ့ ယာဉ် ရဲ့ ၆ပေအမြင့်ရှိ ညာလက်ကင်မရာ ကနေ ရိုက်ယူထားတဲ့ ဓါတ်ပုံပဲဖြစ်ပါတယ်။ အာကာသဆိုင်ရာ ဂျာနယ်လစ် Joe White ကတော့ ArtAlien TV ဆိုတဲ့ YouTube Channel ကိုတည်ထောင်ထားပြီး NASA ရဲ့ ထုတ်ပြန်ချက်တွေထဲမှာ လူတွေသတိမထားမိတဲ့ အချက်အလက်တွေကို ဖော်ပြနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

အာကာသ စောင့်ကြည့်သူတွေဟာ မားစ်ဂြိုလ်ပေါ်မှာ ထူးခြားချက်အမျိုးမျိုးကို သတိထားမိခဲ့ပေမယ့် NASA ကတော့ မားစ်ဂြိုလ်ပေါ်မှာ သက်ရှိတွေ ရှိနေတယ်ဆိုတာကို ငြင်းဆိုနေဆဲပါ။ စောင့်ကြည့်သူတွေ တွေ့ရှိဖူးတဲ့ မားစ်ရဲ့ ထူးခြားချက်တွေထဲမှာ လွင့်မျောနေတဲ့ ဇွန်းတစ်ချောင်း ၊ ကင်းမြီးကောင် အကြီးစားတစ်ကောင် ၊ အာကာသ ယာဉ်တစ်စင်းနဲ့ ဗုဒ္ဓရုပ်ပွားတော် တို့ကို တွေ့ရှိဖူးတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment