Powered by Blogger.

မိုင်ဝက်ခန့်ရှိတဲ့ ဧရာမ ပင့်ကူအိမ်ပေါ်က သန်းနဲ့ချီသော ပင့်ကူများထွက်ပေါ်



အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်၊ North Memphis တွင် အနည်းဆုံး မိုက်ဝက်ခန့်ရှိသော ပင့်ကူအိမ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၄င်းပေါ်မှာ သန်းနဲ့ချီတဲ့ ပင့်ကူတွေ သွားလာနေကြတယ်လို့ သတင်းရရှိပါတယ်။

ဒေသခံတွေက ကြောက်ရွံ့နေကြပေမဲ့ အန္တရာယ် တစ်စုံတရာဖြစ်မှု မရှိခဲ့ကြောင်း Washington Post သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ပင့်ကူငယ်လေးတွေ မျောလွင့်နေတဲ့ "ballooning" (မိုးပျံဗူဖောင်းစီးခြင်း) ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

"မျိုးရင်း အများစုရဲ့ ပင်ကူငယ်လေးတွေဟာ ပင့်ကူမျှင်တွေကို ထုတ်လုပ်ကြပြီး ထုတ်လုပ်တဲ့ပင်ကူမျှင်တွေက တစ်မီတာလောက် ရှည်နိုင်တယ်။ သာမန်လေတိုက်ခတ်မှုက 'ballooning' မိုးပျံဗူဖောင်းစီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ထောင်နဲ့ သောင်းနဲ့ ချီတဲ့ ပင့်ကူလေးတွေဟာ ပင့်ကူမျှင်ကို တစ်ပြိုင်နက်တည်း ထုတ်ကြတဲ့အခါ အခုလိုပဲ တစ်ဆက်တည်း ပင့်ကူအိမ် အကြီးကြီး ဖြစ်လာစေတာပါ။" လို့ Tennessee Knoxville တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Susan Riechart ကပြောပါတယ်။

"အိမ်နီးချင်းရဲ့ အိမ်မှာ ထိုင်စရာနေရာတောင်မရှိဘူး။ နံရံတွေမှာရော၊ တံခါးတွေမှာရော သူတို့ချည်းပဲ။ အခု ပင့်ကူတွေ လိုက်သတ်နေရတာ တစ်နာရီလောက်ရှိပြီ။" လို့ Debra Lewis ဆိုသူက ပြောပြခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Time

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment