Powered by Blogger.

၎.၅ စက္ကန့်အတွင်း အံစာတုံးဆက်ပြီးသွားတဲ့ အသက် ၁၄ နှစ်သား ကမ္ဘာ့စံချိန်ချိုးသွား




အသက် ၁၄ နှစ်သား ကောင်လေးတစ်ယောက်ဟာ ၄.၅ စက္ကန့်အတွင်း အံစာတုံးဆက်ပြီး ကမ္ဘာ့စံချိန်သစ် တင်ခဲ့ပါတယ်။

စနေနေ့က Clarksville, Md မှာ ကျင်းပါတဲ့ River Hill Fall 2015 ပြိုင်ပွဲမှာ ၅.၂၅ စက္ကန့်နဲ့ အံစာတုံးအပြီးဆက်နိုင်ထားတဲ့ စံချိန်ကို ၁၄ နှစ်အရွယ် Lucas Etter ကျော်လွန်ပြီး စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။

Etter နဲ့ တခြားပြိုင်ပွဲဝင်တွေဟာ ၁၅ စက္ကန့်အတွင်း ကွန်ပြူတာက စီစဉ်ထားတဲ့ အံစာတုံး အရောင်ကွက်တွေကို ပြန်လည်ဆက်စပ်ပေးရတာဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်ချက်တွေကို YouTube မှာ တရားဝင်ပြိုင်ပွဲက ဗီဒီယိုဖိုင်ကို တင်ထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စံချိန်ကတော့ ၅.၂၅ စက္ကန့်နဲ့ Collin Burns က Doylestown Spring 2015 ပြိုင်ပွဲမှာ စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။

Etter ကတော့ ၅စက္ကန့်အတွင်း အံစာတုံးဆက်နိုင်ခဲ့ပြီး တရားဝင်အောင်မြင်မှု ရရှိခဲ့တာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment