Powered by Blogger.

ISIS ကိုသွားပေါင်းခဲ့တဲ့ ဆယ်ကျော်သက်ဟာ ဆီးရီးယားမှထွက်ပြေးတဲ့အတွက် အသေရိုက်သတ်ခံရ



သူငယ်ချင်းဖြစ်သူနှင့်အတူ ဆီးရီးယားသို့ ထွက်ပြေးသွားသော သြစတြီးယားနိုင်ငံသူ ဆယ်ကျော်သက်တစ်ဦးဟာ ဆီးရီးယားနိုင်ငံ Raqqa မြို့ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး မိသွားပြီးတဲ့နောက် အသေရိုက်သတ်ခံခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။

အသက် ၁၇နှစ် ရှိပြီဖြစ်တဲ့ Samra Kesinovic ဟာ သူ့သူငယ်ချင်းဖြစ်သူ Sabina Selimovic နဲ့အတူ ၂၀၁၄ခုနှစ် ဧပြီလတွင် ဆီးရီးယားသို့ရောက်ရှိခဲ့ပြီး ISIS အတွက် 'ကိုယ်စားပြု မိန်းကလေးများ' ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Samra နဲ့ Sabina တို့ဟာ ဆီးရီးယားကိုရောက်ပြီး မကြာခင်ဘဲ IS တိုက်ခိုက်ရေးသမားတွေနဲ့ လက်ထပ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

Samra ဟာ Raqqa မြို့ကနေထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် အသေရိုက်သတ်ခဲ့ခဲ့ရတယ်လို့ သြစတြီးယား သတင်းစာတော်တော်များများက သတင်းထုတ်ပြန်ပေမဲ့ အစိုးရ ရင်းမြစ်တွေကတော့ ဒီဖြစ်ရပ်တွေပေါ်မှာ မှတ်ချက်ပေးဖို့ကို ငြင်းဆန်ခဲ့ပါတယ်။

Samra နဲ့အတူ နေထိုင်ခဲ့တဲ့ တူနီးဆီးယား နိုင်ငံသူ အမျိုးသမီးကတော့ ISIS ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ပြည်တွင်းသတင်းစာတစ်ခုကနေ သတင်းထုတ်ပြန်ပါတယ်။

Sabina ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တိုက်ခိုက်ရေးတစ်ခုမှာ အသတ်ခံခဲ့ရတယ်လို့ ယုံကြည်ရကြောင်း ကုလသမ္မဂ က ပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment