Powered by Blogger.

နယူးယော့ခ်မြို့ရဲ့ ရပ်ကွက်တွေကို IS အဖွဲ့ရဲ့ အကြမ်းဖက်မှုကနေ ကာကွယ်သွားမယ်လို့ မာဖီးယား အဖွဲ့ပြော




ပါရီ အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ အစ္စလာမ် အစွန်းရောက် တပ်ဖွဲ့တွေကို မာဖီးယား ဂိုဏ်းတစ်ခုကနေ သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။

နယူးယော့ခ်မြို့မှာ လှုပ်ရှားနေတဲ့ လောင်းကစား နဲ့ ဒုစရိုက်လောကရဲ့ မာဖီးယား တစ်ယောက်ဖြစ်တဲ့ Giovanni Gambino က ISIS အဖွဲ့ကို နယူးယော့ခ် မြို့က ရပ်ကွက်တွေကို အကြမ်းမဖက်ပဲ ရှောင်ကြဉ်ဖို့လိုအပ်မယ်လို့ ထုတ်ဖော်ပြောပြလိုက်ပါတယ်။ တစ်ကယ်တော့ နယူးယော့ခ်မြို့မှာရှိတဲ့ ရပ်ကွက်တော်တော်များများဟာ Sicilian Connection လို့ခေါ်တဲ့ မာဖီးယား လုပ်ငန်းစဉ်ဆိုင်ရာ ဆက်သွယ်မှု တွေ ရှိနေတဲ့ နေရာပါ။

"ကမ္ဘာကြီးဟာ ဒီနေ့ပဲ အန္တရာယ်ကျရောက်နေပါပြီ။ ဒါပေမယ့် Sicilian Connection ရှိတဲ့ နယူးယော့ခ် ရပ်ကွက်တွေမှာ နေထိုင်သူတွေဟာ ဘေးကင်းသင့်ပါတယ်။ ငါတို့ဟာ ငါတို့ သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေကို အစွန်းရောက်တွေ ၊ အကြမ်းဖက်သမားတွေလက်ထဲကနေ ကာကွယ်သွားမှာပါ။ အထူးသဖြင့် စိတ်ပိုင်းဆရာ အစွန်းရောက်နေတဲ့ အဖွဲ့ IS ကိုပေါ့" လို့ Giovanni က ဆိုပါတယ်။

ဒါ့အပြင် သူက သက်ဆိုင်ရာ အာဏာပိုင်တွေဟာ လူသားတွေ ဥာဏ်နည်းလို့ ဖြစ်ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်တွေက အရမ်းနှေးကွေးနေတယ်လို့လည်း ဆိုပြီး မာဖီးယား တွေအနေနဲ့ ကောင်းတဲ့ဘက်က ရပ်တည်ဖို့လိုနေပြီလို့လည်းဆိုပါတယ်။

"မာဖီးယားတွေကို လူမုန်းကြပါတယ်။ ဒါပေမယ့် အဲဒီလောက်ထိလည်း မထိုက်တန်ပါဘူး။ ဘ၀မှာ အရာရာတိုင်းဟာ ကောင်းတဲ့အပိုင်း ၊ ဆိုးတဲ့အပိုင်း ၊ ရုပ်ဆိုင်းတဲ့ အပိုင်း ကိုယ်စီရှိကြပါတယ်။ အကြမ်းဖက်မှုတွေ တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ များပြားလာခြင်းဟာ မာဖီးယားတွေကို ကောင်းတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး ပြသဖို့ အခွင့်အရေးပေးလိုက်သလိုပါပဲ" လို့လည်း Giovanni ကဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment