Powered by Blogger.

၂၀၀၉ ခုနှစ်က မန်ချက်စတာမှာ ဗုံးခွဲဖို့ကြိုးစားခဲ့တဲ့ အကြမ်းဖက်သမား ထောင်ဒဏ် နှစ် ၄၀ ကျ




မန်ချက်စတာမြို့မှာရှိတဲ့ Arndale စင်တာကို ဗုံးခွဲ ဖို့ကြိုးစားခဲ့သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ် အရွယ် Abid Naseer ဆိုသူဟာ မန်ချက်စတာမြို့မှာ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုပြုလုပ်ဖို့ ကြိုးစားခဲ့သလို နယူးယော့ခ်မြို့ မြေအောက် ရထားလမ်းကို လည်းတိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့အတွက် ပြစ်မှုထင်ရှားခဲ့တာ ဖြစ်တယ်လို့ နယူးယော့ခ် ရှေ့နေတစ်ဦးကဆိုပါတယ်။

Naseer ဟာ ပါကစ်စတန် နိုင်ငံသား တစ်ယောက်ဖြစ်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလ မှာ ကျောင်းသားဗီဇာ နဲ့ ဗြိတိန် နိုင်ငံကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။ သူဟာ အယ်လ်ကေးဒါး တပ်ဖွဲ့ရဲ့ ညွှန်ကြားထိန်းချုပ်မှု နဲ့ မန်ချက်စတာမြို့မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး သူဟာ ဗြိတိန် အခြေစိုက် အကြမ်းဖက် အဖွဲ့ခွဲရဲ့ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

မန်ချက်စတာမြို့ရဲ့ ရှော့ပင်း စင်တာ တစ်ခုကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာဟာလည်း အခြား တပ်ဖွဲ့ခွဲတဟစ်ခုက နယူးယော့ခ် မြို့က မြေအောက်ရထားဘူတာ နဲ့ သံရုံးတစ်ခုကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့မှု နဲ့ စပ်လျဉ်းနေခဲ့ပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေဟာ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့တော့ မဆိုင်ပါဘူး။ Naseer အကြမ်းဖက်ဖို့ ကြိုးစားခဲ့တာဟာ ၂၀၀၉ ခုနှစ်ကပဲ ဖြစ်ပါတယ်။ သူဟာ မန်ချက်စတာမြို့က လူရှုပ်တဲ့ ရှော့ပင်းစင်တာတစ်ခုအနား မှာ ကားဗုံး ထောင်ဖို့ ကြိုးစားခဲ့တာပါ။

ထို တိုက်ခိုက်မှုသာ ဖြစ်ပွားခဲ့ရင်တော့ လူပေါင်း ၉၀၀၀၀ လောက်သေဆုံးဖွယ်ရှိနေပြီး ထောင်ပေါင်းများစွာကို ဒဏ်ရာရရှိသွားစေနိုင်ပါတယ်။ ဒါပေမယ့်လည်း Naseer ရဲ့ အကြမ်းဖက်မယ့် အစီအစဉ်ကို ရက်အနည်းငယ် ကြိုပြီး သိရှိခဲ့တဲ့အတွက် အချိန်မီ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ အနောက်မြောက် အကြမ်းဖက်မှု နှိမ်းနင်းရေး ဌာနက ဆိုပါတယ်။

ဒီလို အယ်လ်ကေးဒါး လက်ကျန် တပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ အကြမ်းဖက်မှု အတွက် နှစ် ၄၀ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဟာ လက်ရှိဖြစ်ပွားနေတဲ့ IS အစွန်းရောက် အကြမ်းဖက်သမားတွေကိုလည်း သတိပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment