Powered by Blogger.

ကားမောင်းနေတဲ့ သူငယ်ချင်းရဲ့ အကျီင်္ထဲကို မြွေဟောက်ထည့်ပြီး နောက်ပြောင်မှု ဖြစ်ပွား



ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းမပေါ်မှာ ကားမောင်းနေတဲ့ သူငယ်ချင်းရဲ့ အကျီင်္ထဲကို လူသေစေနိုင်တဲ့ မြွေဟောက်တစ်ကောင် ထည့်တဲ့ ထိတ်လန့်ဖွယ် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပါတယ်။ သူတို့လုပ်နေပုံကို ဘေးယာဉ်တွေပေါ်က ကားမောင်းသူတွေဟာ ကြည့်သွားကြပါတယ်။ တကယ့်ကို ဘေးမကင်းတဲ့ လုပ်ရပ်တွေပါပဲ။

နောက်ခန်းမှာ ထိုင်နေတဲ့ သူငယ်ချင်းတစ်ယောက်က လူသေစေနိုင်လောက်တဲ့ မြွေဟောက်ကို ကိုင်ပြီး ယာဉ်မောင်နေတဲ့သူရဲ့ အင်္ကျီထဲကို ထည့်လိုက်တာ ဒီဗီဒီယိုဖိုင်မှာ  ကြည့်မြင်နိုင်ပါတယ်။ နောက်ခန်းကလူက မြွေအမြီးကိုကိုင်ထားတဲ့အတွက် မြွေက ယာဉ်မောင်းသူရဲ့ ဗိုက်ထဲမှာ လှုပ်လှုပ်ရွရွဖြစ်နေပါတယ်။ ဒါကို ယာဉ်မောင်းသူက တဟားဟား ရယ်နေပါသေးတယ်။

ယာဉ်မောင်းသူဟာ လမ်းကို ကောင်းကောင်း အာရုံမစိုက်နိုင်တော့တဲ့ ပုံပါပဲ။ မောင်းသူဘေးခုံမှာ ထိုင်တဲ့သူကလည်း တဟားဟားရယ်နေခဲ့ပြီး အဖြစ်အပျက်တစ်ခုလုံးကို သေချာလိုက်ရိုက်ထားပါတယ်။

သူတို့အုပ်စု ဘယ်မှာရှိတယ်ဆိုတာ ရှာဖို့ ပြည်တွင်းမီဒီယာတွေက ရဲတပ်ဖွဲ့ကို တိုက်တွန်းထားပါတယ်။

ဒီအဖြစ်အပျက်ဟာ ဆော်ဒီအာရေဗျမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဆော်ဒီမှာ တစ်နေ့တစ်နေ့ ယာဉ်တိုက်မှုကြောင့် လူ ၁၇ယောက် သေဆုံးနေရတယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment