Powered by Blogger.

ရထားဗုံးခွဲမယ့်သူ လို့ စွပ်စွဲခံရတဲ့ မူဆလင် အမျိုးသမီးကို ခရီးသွားတွေ ၀ိုင်းဝန်း ကူညီ




လူရမ်းကားတစ်ယောက်ရဲ့ ဘာသာရေးခွဲခြား ဆက်ဆံ မှုကို ခံလိုက်ရတဲ့ မူဆလင် အမျိုးသမီး တစ်ဦးဟာ ရထားပေါ်ကိုတက်လာတဲ့ ခရီးသည်တွေကို ကျေးဇူးတင်ရတော့မှာပါ။

နယူးကယဆ်လ်မြို့မှာနေထိုင်နေတဲ့ အသက် ၂၃ နှစ်အရွယ် Ruhi Rehman ဆိုသူ အစ္စလာမယ်ဘာသာဝင် အမျိုးသမီး တစ်ဦးဟာ ရထားစီးပြီး ခရီးသွားနေစဉ်မှာ အမျိုးသားတစ်ဦးက သူမအနားချဉ်းကပ်လာပြီး သူမကို ရထားပေါ်က ဆင်းပေးဖို့ ပြောခဲ့ပါတယ်။

သူမဟာ သူမရဲ့ ညီမဖြစ်သူနဲ့အတူ ရထားပေါ်မှာ ငြိမ်သက်စွာ ဆက်ထိုင်နေခဲ့ပေမယ့် ထို အမျိုးသားကတော့ သူမကို အလွှတ်မပေးပဲ "ဒါဟာငါတို့နိုင်ငံ" ဆိုပြီး ထပ်ခါတစ်လဲလဲ သူမအနားကပ်ပြီးပြောနေခဲ့တဲ့အပြင် သူမကို ရထားကို ဗုံးခွဲမယ့်သူလို့လည်း စွပ်စွဲလိုက်ပြန်ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်ကနေ ၀ှိုက်တလေဘေး ကို ခုတ်မောင်းနေတဲ့ ရထားပေါ်ကို တက်လာတဲ့ ခရီးသည်တွေကတော့ Ruhi ကို ကူညီပေးခဲ့ကြပါတယ်။

ဘောလုံး ပရိတ်သတ်အများစုပါဝင်တဲ့ ခရီးသည်အဖွဲ့ဟာ ထိုအမျိုးသား ရဲ့ အမူအကျင့်ကို ရှုံ့ချခဲ့ကြပြီး Ruhi ကို ကာကွယ်ပေးခဲ့ကြပါတယ်။ ပြီးတော့ သူ့ကို ရထားပေါ်က ဆွဲမချခင်မှာ Ruhi နားက အမြန်ဆုံး ထွက်ခွာသွားဖို့လည်း ၀ိုင်းဝန်းပြောကြားခဲ့ကြပါတယ်။ ထိုအမျိုးသားလည်း ရထားပေါ်က ရှက်ပြီး ဆင်းသွားတဲ့အခါမှာ ခရီးသွားတွေက လက်ခုပ်တီးပြီး သြဘာပေးခဲ့ကြပါတယ်။

Ruhi ကတော့ ထိုအဖြစ်အပျက်တွေအားလုံးကို သူမရဲ့ Twitter အကောင့်မှာ ရေးသားခဲ့ပြီး ထိုခရီးသွားတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်းတွေကို ရေးသားခဲ့တာ တွေ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment