Powered by Blogger.

New York မှ တိုက်အုပ်ချုပ်ရေးမှူးတစ်ယောက်က အတွင်းခံတွေခိုးပြီး နမ်းရှုံ့နေတာကို ဗီဒီယိုရိုက်ကူး ဖမ်းမိ




နယူးယောက်မြို့က  အမျိုးသမီးတစ်ဦးက သူ့ရဲ့ အတွင်းခံတွေ ပျောက်ဆုံးနေတာကို သံသယရှိပြီးနောက် လျှို့ဝှက်ကင်မရာနဲ့ရိုက်ကူးခဲ့ရာ တိုက်အုပ်ချုပ်ရေးမှူးက သူ့ရဲ့အတွင်းခံတွေကို ခိုးယူပြီး နမ်းရှုံ့နေတာကို ရိုက်ကူးရရှိခဲ့ပါသတဲ့။

နေအိမ်ရှိ ဘရာစီယာနဲ့ အတွင်းခံအ၀တ်တွေ ပျောက်ဆုံးပြီးနောက် Ashley Chase အသက် ၂၆ နှစ် က iPhone ရဲ့ motion-sensing video camera app ကို သုံးပြီး သူ့တိုက်ခန်းတွင်းမှာ ရိုက်ကူးမှတ်တတမ်းတင်ထားခဲ့တာဖြစ်ပါတယ်။

Chase တစ်ယောက် စက်တင်ဘာ ၄ရက်နေ့က Victoria’s Secret အတွင်းခံအစုံလိုက်ကျန်ရစ်နေပြီးတဲ့နောက် အဆောက်ဦး အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၃၂ နှစ်အရွယ် Jose Cedillo က သူ့အခန်းတွင်း ၀င်ရောက်ခဲ့ပြီး သူ့အတွင်းခံတွေကို နမ်းရှုံ့နေတာကို ရိုက်ကူးထားနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်မ အိတ်ဆွဲပြီး အပြင်ထွက်သွားတာကို သူတွေ့တယ်လေ” လို့ Chase က New York Post ကို ပြောကြားထားပါတယ်။

Cedillo ကတော့ အိမ်အတွင်း ဖောက်ထွင်းဝင်ရောက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ဆောင် မှုတွေကြောင့် ပြစ်ဒဏ်ပေးခံရမှာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment