Powered by Blogger.

နာမည်ကျော် ကြောင်ကလေး Lil’ Bub က နောက်ထပ်ထွက်ရှိလာမယ့် အယ်လ်ဘမ်မှ သီချင်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်




အင်တာနက်မှာ နာမည်ကြီးလှတဲ့ ကြောင်ကလေး Lil Bub ဟာ ဒီဇင်ဘာ ၄ ရက်နေ့မှာ ဖြန့်ချိမယ့် Science and Magic ဆိုတဲ့ သူ့ရဲ့ အခွေအသစ်က သီချင်းသစ်တစ်ပုဒ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။

Yahoo Music မှ ထုတ်လုပ်ပေးတဲ့ သီချင်း “New Gravity” ဆိုတဲ့ သီချင်းကို ဂီတပညာရှင် Andre WK နဲ့တွဲဖက်ပြီး သီဆိုဖျော်ဖြေထားတာ ဖြစ်ပါတယ်။

ဒီအယ်လ်ဘမ်မှာ သီချင်း ၁၀ ပုဒ်ပါဝင်မှာဖြစ်ပြီး Assimilation," "Good Job" , "Rebirth” ဆိုတဲ့ သီချင်းလေးတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အယ်လမ်ဘမ်ဖြန့်ချိပြီးတဲ့အခါ အခွေရောင်းချပေးတဲ့ ဆိုင်တွေမှာ ဖျော်ဖြေပွဲတွေ လှည့်လည်သီဆိုဦးမယ်လို့ဆိုပါတယ်။

ဒီဂီတဖျော်ဖြေရေး ခရီးစဉ်ကိုတော့ Lil Bub လေးရဲ့ မွေးရပ်မြို့တော် Bloomingtion, Ind ကနေ စတင်မယ်လို့ သိရပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment