Powered by Blogger.

ဘရာဇီးလ်က ထောင်ထဲမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသမီး ရာဇ၀တ်သား အလှမယ် ရွေးချယ်ပွဲ




သင်ဟာ အလှမယ် ရွေးချယ်ပွဲတစ်ခုကို လက်နက်ကိုင် လုံခြုံရေး စစ်သားတွေက တာဝါတွေပေါ်က စောင့်ကြပ်ပေးနေတာမျိုး တွေ့ဖူးမှာမဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာ့ စည်းကမ်းအတင်းကျပ်ဆုံး အမျိုးသမီး အကျဉ်းထောင်တစ်ခုမှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အမျိုးသမီး ရာဇ၀တ်သား အလှမယ် ရွေးချယ်ပွဲပဲ ဖြစ်ပါတယ်။

ဒီ အလှမယ် ရွေးချယ်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိပြီး ဘရာဇီးလ်နိုင်ငံ ၊ ရီယိုဒီဂျနဲရိုး မြို့က Talavera Bruce ဆိုတဲ့ အမျိုးသမီး အကျဉ်းထောင်းမှာ ကျင်းပတာပဲ ဖြစ်ပါတယ်။ ဒီနှစ်အတွက် အလှမယ် အဖြစ်အရွေးချယ်ခံရသူကတော့ အသက် ၂၇ နှစ်အရွယ် Michelle Neri Rangel ပဲ ဖြစ်ပါတယ်။

သူမကတော့ ၂၀၁၀ ခုနှစ်မှာ အကျဉ်းထောင်ထဲ စတင်ရောက်လာခဲ့ပြီး သူမ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကတော့ ဖောက်ထွင်းမှု ဖြစ်ပြီး ထောင်ဒဏ် ၃၉ နှစ်ကျခံနေရသူဖြစ်ပါတယ်။ ဒါ့အပြင်သူမဟာ ထောင်အတွင်းမှာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ခဲ့တဲ့အတွက် နောက်တိုး ထောင်ဒဏ် ၆ နှစ်ကို ပါကျခံနေရသူလည်းဖြစ်ပါတယ်။

ထို Talavera Bruce ဆိုတဲ့ အကျဉ်းထောင်ကတော့ ဘရာဇီးလ်နိုင်ငံရဲ့ လုံခြုံရေး အင်အား အများဆုံး အကျဉ်းထောင်တစ်ခုဖြစ်သလို တိုင်းပြည်အတွက် အရေးပါတဲ့ အမျိုးသမီး ရာဇ၀တ်သားတွေကိုသာ ချုပ်နှောင်ထားတဲ့ နေရာဖြစ်ပါတယ်။ ထိုကဲ့သို့ အလှမယ် ရွေးချယ်ပွဲ ပြုလုပ်ရတဲ့အကြောင်းအရင်းကတော့ အမျိုးသမီးတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာဖို့ဖြစ်ပြီး ဘုရားကျောင်း အဖွဲ့တွေက ဦးဆောင်ကျင်းပပေးတာပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြိုင်ပွဲဝင် အမျိုးသမီးတွေဟာ မတူညီတဲ့ ၀တ်စုံအမျိုးမျိုးကို ၀တ်ဆင်ကြရပြီးသူတို့ရဲ့ ဆံပင်နဲ့မိတ်ကပ် အလှဆင်ဖို့ကိုတော့ ဗော်လန်တီယာ လုပ်အားပေးတွေက ကူညီပေးတယ်လို့ သိရပါတယ်။ သူတို့တွေဟာ ပြိုင်ပွဲဝင်ဖို့အတွက် Catwalk လျှောက်ပြီး ယှဉ်ပြိုင်ရတယ်လို့လည်း သိရပါတယ်။




( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment