Powered by Blogger.

ဖေဖေ့ကို တက်တူးထိုးပေးခဲ့တဲ့ ပညာသင် သမီးလေး



ဖလော်ရီဒါသား ဖေဖေ Brad "Bob-Tat" Bellomo ဟာ သမီးလေးဖြစ်သူ ၄နှစ်အရွယ် Chloe အား စတော်ဘယ်ရီသီးပုံတက်တူးကို သူ့လက်မောင်းပေါ်မှာ ထိုးခွင့်ပေးခဲ့တာဖြစ်ပါတယ်။

 “ ဘယ်လိုပုံလဲဆိုတာ သိချင်လား။ ဒါလေးက ချစ်ဖို့ကောင်းသားဗျ။” လို့ Bellomo က ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ခနာကိုယ်အပြည့်နီးပါး တက်တူးအပျံစားတွေပြည့်နေတဲ့ Bellomo က သမီးလေး Chole က သူ့ရဲ့အရည်အသွေးကို အစမ်းလေ့ကျင့်တဲ့အနေနဲ့ သူ့လက်မောင်းပေါ်မှာ အပ်မပါဘဲပုံဆွဲကျင့်နေတဲ့ ဓါတ်ပုံကိုလည်း တင်ထားပါသေးတယ်။

“အလေးချိန်ပါတဲ့ စက်ကိုထိန်းချုပ်ပြီး စိတ်ချရဖို့အတွက် အဖေ့စကားနားထောင်ပြီး အဆင်သင့်ဖြစ်အောင် လေ့ကျင့်နေတာလေ” လို့ Bellomo က ခေါင်းစဉ်တပ်ဖော်ပြထားတာဖြစ်ပါတယ်။

Largo, Fla မှာရှိတဲ့ 3rd Eye တက်တူးစတူဒီယိုမှာ Chole က ကရိယာတွေသုံးပြီး သူ့အဖေရဲ့ လက်မောင်းမှာ တက်တူးထိုးပေးခဲ့တာဖြစ်ပါတယ်။

Bellomo ကBay News 9 ကို ပြောပြချက်အရ Chole ဟာ တခြားတက်တူးပညာရှင်တွေ အလုပ်လုပ်ပုံကို အချိန်ပေးလေ့လာပြီး သူ့ရဲ့ဖန်တီးမှုကို ပြုလုပ်ရေးဆွဲခဲ့တာလို့ သိရပါတယ်။ Chole ကလည်း ချစ်စရာကောင်းလို့ စတော်ဘယ်ရီသီးပုံလေးကို ရွေးခဲ့တာလို့ ဆိုပါတယ်။


အင်္ဂါနေ့မနက်ပိုင်းမှာတော့ ဒီပိုစ့်ဟာ Likes ပေါင်း ၁၂၀,၀၀၀ နီးပါးရရှိပြီး ၁၄,၀၀၀ ကျော် Share ခဲ့ကြပါသတဲ့။ တစ်ချို့ကလည်း အကောင်းဘက်က ထင်မြင်ချက်ပေးခဲ့သလို တစ်ချို့ကလည်း “ ဆိုးဝါးတဲ့ ထိန်းကျောင်းပြုစုမှု “ လို့ အဆိုးဘက်ကနေ ရေးသားခဲ့ကြပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Upi 
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment