Powered by Blogger.

အိမ်မှုကိစ္စကူညီပေးရင် အမျိုးသားတွေ ချစ်တင်းနှောရာမှာ ပိုကောင်းဟုဆို




အိမ်မှုကိစ္စကူညီ ဆောင်ရွက်ပေးတဲ့  အမျိုးသားတွေဟာ ပိုကောင်းတဲ့ လိင်ဆက်ဆံမှု ဘဝကို ရကြတယ်လို့ လေ့လာမှုသစ်တစ်ရပ်က ဆိုပါတယ်။

အိမ်အမှိုက်ရှင်းပေးတာ၊ တံမြက်စည်းလှည်းတာ၊ ပန်းကန်ဆေးတာ နဲ့ အိပ်ရာတွေကို သန့်သန့်ရှင်းရှင်း၊ လန်းလန်းဆန်းဆန်းဖြစ်အောင် လုပ်ပေးတာမျိုးတွေ ကူညီပေးတဲ့ အမျိုးသားတွေဟာ တကယ်ပဲ ချစ်တင်းနှောရာမှာ ခံစားမှုကောင်းကောင်းကို ရတတ်ကြပါတယ်။

ဒီလိုအမျိုးသားတွေဟာ သူတို့ချစ်ဖော်အတူ လိင်ဆက်ဆံမှုပိုကောင်းတယ်လို့ ရှာဖွေတွေ့ရှိချက်တွေက သက်သေပြခဲ့ပါတယ်။ စုံတွဲပေါင်း ၁၃၃၈ ကို သုတေသီတွေက လေ့လာမှုပြုပြီး အမျိုးသားတွေ အိမ်မှုကိစ္စ လုပ်တဲ့ပမာဏနဲ့ အဲ့ဒီ့စုံတွဲရဲ့ ချစ်တင်နှောမှု ကြား ဆက်စပ်မှုရှိလားဆိုတာကို ဖော်ထုတ်ခဲ့ကြတာပါ။

ဒီလေ့လာမှုကို Family Psychology ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တာပါ။


( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment