Powered by Blogger.

ရဲစခန်းကို ဖုန်းဆက်ပြီး ကြက်သား ချက်ဖို့ အပူချိန်ဘယ်လောက်လိုလဲ မေးတဲ့ ငပိန်း




ကြက်သားချက်ဖို့ မိုက်ခရိုဝေ့ဖ်ကို အပူချိန်ဘယ်လောက်ထားရမလဲဆိုပြီး အရေးပေါ် နံပါတ် ၉၉၉ ကိုနှိပ်ကာ ရဲစခန်းကိုခေါ်ခဲ့တဲ့ ကြောင်တောင်တောင် အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်း၊ Cumbria စီရင်စုမှာပါ။

ပြည်သူတွေအနေနဲ့ မှန်ကန်တဲ့တုန့်ပြန်မှု၊ မှန်ကန်တဲ့အခြေအနေအတွက် သတင်းအချက်အလက်တွေ အသေအချာရစေဖို့ရာ မတူညီတဲ့ ရဲတပ်ဖွဲ့ဝန်ဆောင်မှုတွေကို ပိုမိုသတိပြုမိလာစေဖို့အတွက် Cumbria ရဲတပ်ဖွဲ့အနေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်ပြီးသားပါ။

သတင်းအချက်အလက် လက်ကမ်းစာစောင်တွေနဲ့ ကတ်ပြားတွေကို ဒေသခံရဲတွေရဲ့ စားပွဲတွေနဲ့ လူမှုကွန်ရက် feeds တွေမှာ ဖြန့်ဝေပေးထားပါတယ်။ ပြည်သူတွေလိုအပ်လာခဲ့ရင် သင့်လျော်တဲ့ဝန်ဆောင်မှုကို ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

ဘာမဟုတ်တာနဲ့ခေါ်မယ်ဆိုရင် တကယ်အကူအညီလိုတဲ့ အရေးပေါ်ဖုန်းကို အဟန့်အတား ဖြစ်နိုင်တဲ့အတွက် ၉၉၉ ကိုမခေါ်ဆိုခင်မှာ လူတွေအနေနဲ့ အရင်ဆုံးသေချာ စဉ်းစားကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရဲမှူး Steve Johnson ကပြောခဲ့ပါတယ်။

“၉၉၉ ကို အရေးပေါ်လာရင် ခေါ်ဆိုဖို့အတွက်ကိုလည်း ပြည်သူတွေကို ကျွန်တော်တို့က အမြဲအားပေးပါတယ်။ တကယ်အရေးပေါ်မဟုတ်တဲ့ ခေါ်ဆိုမှုတွေ မပြုလုပ်ကြဖို့ ကျွန်တော် တကယ်မျှော်လင့်ပါတယ်။” လို့ Steve ကထပ်မံ ပြောကြားသွားခဲ့ပါတယ်။”

( Jack )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror  



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment