အမျိုးသမီးတစ်ဦးက သတို့သားလောင်းဖြစ်သူရဲ့ အံသွားနဲ့ပြုလုပ်ထားတဲ့
စေ့စပ်လက်စွပ်ပုံကိုတင်ပြီး “ စိန်တွေက ပြောသလောက်လည်း မဟုတ်ပါဘူး”
လို့ရေးသားထားခဲ့ပါတယ်။
“ ကျွန်မရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်ပြီး ကျွန်မအတွက် သူရဲ့ အံသွားက စိန်တစ်ပွင့်ပိုပြီး အဓိပ္ပါယ်ရှိတယ်ဆိုတာကို သိတဲ့ ဒီလိုလူမျိုးကို လက်ထပ်ရမယ်ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားနေမိပါတယ်” လို့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
“ ကျွန်မတို့နှစ်ယောက်က ဘယ်တုန်းကမှ သမရိုးကျစုံတွဲတွေမဖြစ်ခဲ့ပါဘူး” လို့လည်း Leifkes က ရေးထားခဲ့ပါသေးတယ်။
Unger အသက် ၁၇နှစ်သားကတည်းက နှုတ်ခဲ့တဲ့ အံဆုံးဟာ သူ့အတွက်တော့ စိန်တစ်ပွင့်ထက် တန်ဖိုးရှိကြောင်း Leifkes က Buzzfeed ကို လက်စွပ်အကြောင်းပြောပြခဲ့ပါတယ်။
ဒီလို Facebook ပေါ်မှာ ပုံတင်ခဲ့တဲ့အတွက် ကောင်းမွန်တဲ့ ထင်မြင်ချက်တွေသာမက အဆိုးဘက်က ထင်မြင်ချက်တွေလည်း ရရှိခဲ့ပါသတဲ့။
“ ကျွန်မတို့ကို ကူညီကြတဲ့ ချစ်ခင်ပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ မင်္ဂလာဓါတ်ပုံတွေကို ဝေမျှဖို့လည်း မစောင့်နိုင်တော့ပါဘူး။ သမရိုးကျ စိန်လက်စွပ်တွေကို သဘောမကျတဲ့ တခြားစုံတွဲတွေကိုလည်း ပြောပြချင်ပါတယ် : စိန်ပွင့်တွေဟာ မိန်းကလေးတွေအတွက် အမြဲတမ်း အကောင်းဆုံးသူငယ်ချင်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်အတွက် သီးသန့်ဖြစ်ပြီး ထူးခြားတဲ့အရာတွေ ရှိလာနိုင်ပါသေးတယ် “ လို့လည်း ရေးသားထားခဲ့ပါတယ်။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref: Upi
0 comments:
Post a Comment