Powered by Blogger.

လေယာဉ်ပေါ်မှာ ဘီယာမပေးလို့ သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား




လေယာဉ်ပျံသန်းနေတုန်းမှာ ဘီယာမပေးဘူးလို့ အငြင်းခံခဲ့ရတဲ့ အမျိုးသားဟာ တခြားသူတွေကို သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်ခဲ့တာကြောင့် ထိတ်လန့်ဖြစ် အဖြစ်အပျက်ဖြစ်ခဲ့ပြီး လေယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

Jason Baroletti လို့ သိရတဲ့ သံသယရှိခံရသူကို အမေရိကန် လေကြောင်းလိုင်း ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပါတယ်။ Phoenix ကနေ New York ကိုသွားမယ့် လေယာဉ်ဟာ Wichita, Kansas မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။

ခရီးသည် ၁၂၆၇ယောက်နဲ့ လေယာဉ်အဖွဲ့သား ၆ဦးပါရှိတဲ့ Flight 622ဟာ အင်္ဂါနေ့ညနေ ၄နာရီခွဲခန့်မှာ Phoenix ကနေ New York ကိုထွက်ခွာလာခဲ့ပါတယ်။ လေယာဉ်စတင်ထွက်ခွာပြီး ၁၀မိနစ်ခန့်အကြာမှာ၊ Baroletti ဟာ e-cigaratte ကို မနားတမ်းဖွာပါတော့တယ်။ လေယာဉ်မယ်က သူ့ကိုလာတားမှပဲ ရပ်ခဲ့ပါတယ်။

ဒီ့နောက် သူဟာ ဘီယာတစ်ခွက်တောင်းခဲ့ပါတယ်။ သူ့မှာ ဆေးပါမလာတဲ့အတွက် ဘီယာက သူ့ရဲ့ စိုးရိမ်ကြောင့်ကြမှုကို သက်သာစေလိမ့်မယ်ဆိုပြီး တောင်းတာပါ။ ဒါပေမဲ့ လေယာဉ်မယ်က ဘီယာပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် သူဟာ ဒေါသထွက်လာပြီး လေယာဉ်ကို ခုချက်ခြင်း ဆင်းသက်ဖို့ တောင်းဆိုခဲ့ပါတော့တယ်။ ဘေးနားကလူတွေက သူ့ကိုဝိုင်းဝန်းဖျောင်းဖြဖို့ ကြိုးစားခဲ့ကြတဲ့အခါ သူက သတ်မယ်၊ ဖြတ်မယ် ဆိုပြီး ဝုန်းဒိုင်းကြဲခဲ့တဲ့အတွက် လေယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

FBI က ဒီအမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

( Jack )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment