Powered by Blogger.

မောင်နှမတွေနဲ့ ကစားပြီးနောက် မီးဖိုထဲမှာ အသေမီးရှို့ခံခဲ့ရတဲ့ ပိစိကွေး



မောင်နှမ အကြီးသုံးယောက်နဲ့ ကစားပြီးတဲ့နောက်မှာတော့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တစ်ယောက်ဟာ မီးဖိုထဲမှာ အသေမီးရှို့ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ကလေးရဲ့ မောင်နှမ အကြီး ၃ ယောက်ဟာ အသက် ၃နှစ်ကနေ ၅နှစ်အတွင်း ရှိပြီး အိမ်မှာ ကလေးတွေပဲ ကျန်ခဲ့ကြတဲ့အချိန် ဖြစ်ပွားခဲ့တာပါ။

မီးရှို့ခံရတဲ့ ကလေးငယ်ရဲ့ အမည်ဟာ J'zyra Thompson ဖြစ်ပြီး သူ့အလောင်းကို ချက်ပြုတ်တဲ့နေရာမှာ ရှာတွေ့ခဲ့တာပါ။ ကလေးတွေရဲ့ မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ တနင်္လာနေ့ညက အလုပ်လုပ်ဖို့အတွက် ထွက်သွားခဲ့တာဖြစ်ကြောင်း ရဲတွေက ပြောခဲ့ပါတယ်။

ကလေးတွေဟာ မီးဖိုနဲ့ ကစားခဲ့ကြတယ်လို့ ထင်ရကြောင်းနဲ့ အခင်းဖြစ်ပြီး များမကြာခင်မှာပဲ ရဲတွေကို ဖုန်းခေါ်ခဲ့ကြကြောင်း အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ Houston မြို့ ရဲအရာရှိတွေက ပြောခဲ့ပါတယ်။

ကလေးမလေးဟာ မီးဖိုထဲမှာလား၊ ဖိုခွင်ပေါ်မှာလားဆိုတာတော့ မရှင်းကြောင်း ရဲတွေက ထပ်မံပြောကြားခဲ့ပါတယ်။ အမျိုးသမီးဟာ သူ့ရည်းစားကို ဂရုစိုက်ဖို့အတွက် ကလေးတွေကို အိမ်မှာထားခဲ့ကြောင်း ဆိုထားပေမဲ့ အခင်းဖြစ်တဲ့အချိန်မှာတော့ သူတစ်ယောက်တည်း ရှိနေခဲ့တာပါ။ မနေ့က ကလေးမိခင်နဲ့ သူ့ရဲ့ရည်းစားကို မေးခွန်းတွေထုတ်ခဲ့ကြပြီး ကလေးတွေကိုတော့ စောင့်ရှောက်မှုဂေဟာကို ခေါ်ဆောင်သွားပါတယ်။

မည်သည့်တရားစွဲဆိုမှုကိုမျှတော့ မလုပ်ရသေးပါဘူး။ "သမီးလေးက အရမ်းချစ်ဖို့ကောင်းတာ။ ဒီလိုဖြစ်သွားတာ ရှင်းမပြနိုင်စရာပဲ။ ကျွန်မမှာ ပြောစရာစကား မရှိပါဘူး။" လို့ J'zyra ရဲ့ မိခင်ဖြစ်သူ Gina Dennis က ပြောသွားပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment