Powered by Blogger.

Canadian ကောလိပ်ကျောင်းသားက ဘီယာသောက်ရင်းအပြေး စံချိန်သစ်ချိုးခဲ့





ကနေဒါနိုင်ငံသား Lewis Kent ဟာ သူကိုယ်တိုင် ကမ္ဘာ့စံချိန်တင်ထားတဲ့ ဘီယာသောက်ရင်းပြေးတဲ့ မိုင်အရေအတွက်ကို စံချိန်ချိုးခဲ့တာဖြစ်ပြီး အားကစားကုမ္ပဏီ Brooks နဲ့ လောင်းကြေးထပ်ထားတဲ့ ဖိနပ်ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါပြီ။

အင်္ဂါနေ့က အသက် ၂၂ နှစ်အရွယ် University of Western Ontario က ကျောင်းသားဟာ မီတာ ၄၀၀ အပြေးလမ်းကြောင်းမှာ ဘီယာသောက်ရင်းပြေးခဲ့တာဖြစ်ပြီး စုစုပေါင်းကြာချိန် လေးမိနစ်နဲ့ ၅၁စက္ကန့်နဲ့ စံချိန်ချိုးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ခုလိုစံချိန်ချိုးပြပြီးခဲ့တဲ့နောက်မှာတော့ Kent ဟာ Brooks ကုမ္ပဏီနဲ့ လောင်းကြေးထပ်ထားခဲ့တဲ့အကြောင်း ကြေညာသွားတယ်လို့ ESPN သတင်းက ဆိုပါတယ်။

Brooks ရဲ့ Marketing မန်နေဂျာဖြစ်သူ Jennie Lafayette ကတော့ ဒီလောင်းကြေးထပ်မှုအပေါ် အသေးစိတ်ရှင်းလင်းပြောဆိုသွားတာ မရှိပါဘူးတဲ့။
Kent ဟာ ပြီးခဲ့တဲ့တစ်ခေါက်က လေးမိနစ်နဲ့၅၅ စက္ကန့်ကြာ ဘီယာသောက်ရင်းပြေးခဲ့တာဖြစ်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

 “ ဒါက အိပ်မက်လိုပါပဲ။ ကျွန်တော်က ဘီယာသောက်ရင်းပြေးရတာကို အမြဲသဘောကျတဲ့သူပါ။ ဒါပေမယ့် ဒီလို ကမ္ဘာ့စံချိန်ကို ၂ခါတိတိချိုးနိုင်မယ်လို့ တစ်ခါမှ မတွေးဖူးပါဘူး” လို့ Kent ကဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment