ကန်လယ်မှာ ရေကူးနေတဲ့ သားပိုက်ကောင်ကို ငါးဖမ်းသမားက တွေ့ရှိခဲ့
သြစတြေးလျနိုင်ငံသားတစ်ယောက်ဟာ New South Wales က ရေကန်တစ်ကန်မှာ ငါးမျှားနေတုန်း ထူးဆန်းတဲ့ ရေနေနို့တိုင်သတ္တ၀ါတစ်ကောင်ကို ဗီဒီယိုရိုက်ကူးထားခဲ့နိုင်ပါတယ် - အဲဒါကတော့ သားပိုက်ကောင်တစ်ကောင်ပါပဲ။
Ayden Lillis ဟာ ပြီးခဲ့တဲ့လ မနက်စောစော Hume ရေကန်မှာ ငါးမျှားနေစဉ် ရေကူးနေတဲ့ သားပိုက်ကောင်တစ်ကောင်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို YouTube မှာ တင်ထားခဲ့တာဖြစ်ပါတယ်။
Lillis ကတော့ ဒီသားပိုက်ကောင်ဟာ ခွေးတွေလိုက်လို့ ရေထဲကို ဆင်းပြေးပုံရတယ်လို့ သူ့အထင်ကို ပြောပြထားပါတယ်။
ငါးဖမ်းသမားဟာ ဒီသားပိုက်ကောင်ကို မကယ်ခဲ့နိုင်ပေမယ့် ကမ်းပေါ်ကို သူ့ဘာသာသူ ကူးခတ်ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Upi
0 comments:
Post a Comment