Powered by Blogger.

အရှိန်တင်မောင်းနှင်မှုနဲ့ ဒဏ်ရိုက်ခံခဲ့ရတဲ့ ၂နှစ် သမီးလေး



အသက် ၂နှစ်အရွယ် Za’Dariyah Mishaw ဆိုသူ ကလေးမဟာ အိမ်အပြင်ဘက်မှာ ခြေနင်းကားလေးကို မောင်းနေခဲ့ပါတယ်။ ရဲအရာရှိ Christian Velascoဟာ Za’Dariyah ကို ဘေးရပ်ခိုင်းခဲ့ပြီး အရှိန်မြင့် မောင်းနှင်မှုအတွက် ၄ဒေါ်လာတန် ချလန်ဖြတ်ခဲ့ပါတယ်။
သာမန် ယာဉ်မောင်းတွေ အဖို့တော့ ချလန်ဖြတ်ခံရပြီဆိုရင် စိုးရိမ်ပူပန် တတ်ကြတာပေါ့။

 ဒါပေမဲ့ Za’Dariyah Mishaw လေးကတော့ အချိန်ဆိုင်းမနေဘဲ ၄ဒေါ်လာ ဒဏ်ငွေဆောင်ဖို့ ရဲဋ္ဌာနကိုသွားချင်ခဲ့ပါတယ်။

“သူက ခပ်မြန်မြန်ကို နင်းနေခဲ့တာ။ သူ့ကိုမှီဖို့တောင် မနည်းလိုက်ခဲ့ရတယ်။ ဒါပေမဲ့ မှီခဲ့ပါတယ်။ သူ သိပ်တော်တာ။” လို့ ရဲအရာရှိကပြောပါတယ်။

ချလန်မှာ ဒဏ်ငွေဘယ်လောက်ဆောင်ရမှာလဲ လို့ Za’Dariyah ကိုမေးကြည့်တော့ “၄ ဒေါ်လာ။” လို့ ချစ်စဖွယ်ပြန်ဖြေခဲ့ပါတယ်။

ရင်ကိုနွေးသွားစေတဲ့ အခိုက်အတန့်လေးကို Za’Dariyahရဲ့ ဦးလေးက အမှတ်တရ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

( Jack )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref:Daily Mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment