Powered by Blogger.

ခွေးကို ပုဆိန်နဲ့အသေရိုက်ခွဲပြီး ခွေးသွေးနဲ့ ဖြောင့်ချက်ရေးခဲ့တဲ့ ပိုင်ရှင်



ခွေးပိုင်ရှင်တစ်ယောက်ဟာ သူ့ခွေးကို ပုဆိန်နဲ့ အသေရိုက်ခွဲပြီးနောက် အဲ့ဒီ့ သနားစဖွယ်ခွေးလေးရဲ့ သွေးတွေနဲ့ အိပ်ခန်းနံရံပေါ်မှာ ဖြောင့်ချက်ရေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

အသက် ၄၇နှစ်ရှိ Adrian Margerison ဟာ သူ့ရဲ့ Staffordshire Bull Terrier အမျိုးအစား ‘Cracker’ အမည်ရှိတဲ့ခွေးကို ကင်ဆာရောဂါဖြစ်နေတယ်လို့ ယူဆတဲ့အတွက် သတ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

သူဟာ ခွေးကို အကိုက်အခဲပျောက်ဆေး ၁၀ လုံးလောက်တိုက်ပြီး အိပ်အောင်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်နာရီလောက်ကြာတဲ့အချိန်မှာတော့ ခွေးဟာ နိုးထလာကာ ဟစ်အော်နေခဲ့ပြီး သူက ဂွမ်းကပ်ကို ခွေးရဲ့ ခေါင်းအောက်မှာခံပြီး ၁၂လက်မအရှည်ရှိတဲ့ ပုဆိန်နဲ့ ခေါင်းကို ရိုက်ခွဲခဲ့ပါတော့တယ်။

အဲ့ဒီ့နောက် ‘I killed Cracker’ ဆိုတဲ့ ဖြောင့်ချက်ကို သူ့အိပ်ခန်းနံရံပေါ်မှာ ရေးခဲ့ပြီး ၉၉၉ ကိုဖုန်းဆက်ခဲ့ပါတယ်။ ခွေးဟာ ခေါင်းဒဏ်ရာဆိုးဆိုးရွားရွား ခံစားနေခဲ့ရတာကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။

Margerison ဟာ ခွေးကို မလိုလားအပ်တဲ့ နာကျင်ခံစားမှုဖြစ်စေခဲ့တာကို ဝန်ခံခဲ့ပြီး သူ့ကို ထောင်ဒဏ် အပတ် ၂၀ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment