ကလေးငယ်တစ်ယောက်ဟာ ခြံတွင်းသုံး ကိရိယာတစ်ခုကို ထက်မြက်စွာတီထွင်လိုက်ပြီးတဲ့နောက်မှာ သစ်ရွက်ခြောက်တွေကြွေကြတဲ့ ပြဿနာ ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
ထို လူငယ်လေးဟာ သူ့ရဲ့ အ၀ါရောင် ကလေးစီး ထရပ်ကားလေးကို မောင်းနှင်နေရင်းနဲ့ ကားရဲ့ နံဘေးမှာ သစ်ရွက်ခြောက်တွေ စုပ်ယူတဲ့စက်ကို တပ်ထားပြီး ကားကိုမောင်းနှင်နေရင် ခြံထဲမှာရှိတဲ့ သစ်ရွက်ခြောက်တွေကြားမှာ လမ်းတစ်ခုအသွင် ဖောက်လုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။
သူ့ရဲ့ လေစုပ်စက်နဲ့နီးကပ်လာတိုင်း သစ်ရွက်ခြောက်လေးတွေလည်း တုန်လှုပ်သွားခဲ့ရပါတယ်။ ထို ဗီဒီယို ကိုတော့ ကားနဲ့ပတ်သက်ပြီး စိတ်ဝင်တစား တက်ကြွသူဖြစ်ပြီး ကလေးရဲ့ ဖခင်လည်းဖြစ်တဲ့ Jarrad Provost က YouTube ပေါ်ကို တင်ထားခဲ့တာဖြစ်ပြီး Powerwheels + Leaf Blower = Genius ဆိုတဲ့ခေါင်းစဉ် နဲ့ သူ့ရဲ့ သားလေးကိုလည်း ချီးကျူးထားပြန်ပါတယ်။
ထိုဗီဒီယိုဟာ ကြည့်ရှုသူပေါင်း တစ်သိန်း ၂ သောင်း အထိရှိခဲ့ပါတယ်။ ထိုကလေးငယ်ဟာ ပရိတ်သတ်လည်း များစွာ ရှိလာခဲ့ပြီဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment