အိမ်နီးချင်းတစ်ယောက်ရဲ့ ဒရုန်းယာဉ်ပျံကို ခဲနဲ့ပေါက်ခဲ့တဲ့ အဖွားအို ဒဏ်ငွေရိုက်ခံရ
Pennsylvania တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာကတော့ သြဂုတ်လတုန်းက အမျိုးသမီးတစ်ဦးဟာ အိမ်နီးချင်းတစ်ဦးရဲ့ Drone ယာဉ်ပျံကို ခဲနဲ့ ပေါက်ခဲ့တဲ့အတွက် လျော်ကြေးငွေ ပေးဆောင်ရမယ်ဆိုတာပါပဲ။
အသက် ၆၅ နှစ်ရှိနြေီ့ဖြစ်တဲ့ Martina Wlodarsky ဆိုသူ အမျိုးသမီးဟာ သူမရဲ့ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ Mark Shock ရဲ့ Drone ကို ခဲနဲ့ ပစ်ပေါင်မိတဲ့အတွက် ဒေါ်လာ ၆၀၀ လျော်ကြေးပေးရမှာပါ။
Wlodarsky က အခိုင်အမာဆိုခဲ့တာကတော့ သူမရဲ့ ပြတင်းပေါက်နားကနေ ထူးဆန်းတဲ့ အသံတွေ ကြားရတဲ့အတွက် ကြည့်လိုက်တဲ့အခါမှာ ထို Drone ကိုတွေ့လိုက်တာကြောင့် အံ့အားသင့်သွားပြီး ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ခဲနဲ့ ပစ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
"သူ့အသံဟာ weed-wacker တစ်ခုလိုပဲ ကျွန်မ မျက်စိတည့်တည့်ကို ပျံသန်းလာပါတယ်။ ကျွန်မမှာရွေးချယ်စရာမရှိပါဘူး။ အဲဒီ ကိရိယာ ဟာ ထိန်းချုပ်မှု အောက်မှာ ရှိတယ်လို့လည်း ဘယ်သူမှ ကျွန်မကို မပြောထားပါဘူး" လို့ Wlodarsky က ရှင်းပြပါတယ်။ Drone ရဲ့ ပိုင်ရှင် Shock ကတော့ ထို Drone ကို ၁၇ မိနစ် မောင်းနှင်ပြီး မြေပြင်ပေါ် ပြန်လည် ဆင်းသက်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ခဲနဲ့ ပေါက်ခံလိုက်ရတာကြောင့် ထိန်းချုပ်မှု မဲ့ခဲ့ရတယ်လို့ ဆိုပါတယ်။
Shock ဟာ Drone ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားရာမှာတော့ Drone ရဲ့ ဒလက် ၂ ခုဟာ သူ့ရဲ့ မျက်နှာကို ထိခိုက်လုနီးပါးဖြစ်ခဲ့ရပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Upi
0 comments:
Post a Comment