Powered by Blogger.

အလောင်းတွေပဲ ပါလာတဲ့ မြောက်ကိုရီးယား သဘောင်္ ၁၁ စင်းကို ဂျပန်နိုင်ငံမှာ တွေ့ရှိ




ဂျပန်နိုင်ငံ ကမ်းရိုးတန်း တစ်နေရာမှာ တစ္ဆေသဘောင်္လို့ ပြောလို့ရမယ့် သဘောင်္ပျက် ၁၁ စီးကို ရှာဖွေတွေ့ရှိခဲ့ပြီး ထို သဘောင်္တွေပေါ်မှာ အရိုးစု အခု ၂၀ ကို ရှာဖွေတွေ့ရှိခဲ့ကြပြန်ပါတယ်။

ဒီသဘောင်္တွေ ကမ်းရိုးတန်း ကိုဘယ်လိုရောက်လာတယ်ဆိုတာကိုတော့ ဂျပန်နိုင်ငံရဲ့ ဆိပ်ကမ်းလုံခြုံရေး ၀န်ထမ်းတွေလည်း မသိရှိခဲ့ကြဘူးလို့ ဆိုပါတယ်။ နိုဝင်ဘာလ အစောပိုင်းတုန်းကတော့ သစ်သား သဘောင်္ ၄ စင်းဟာ အရင်ဆုံး ဆိပ်ကမ်းကို ဆိုက်ကပ်လာတာ ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ကျန်တဲ့ သဘောင်္ ၇ စင်း ကို ဂျပန်ပင်လယ် ထဲမှာ မျောနေတာ တွေ့ခဲ့ပြန်တာပဲ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်နေရစ်သူများ ရှိလိမ့်ဦးမလားလို့ ရှာဖွေခဲ့ပေမယ့်လည်း အရိုးစု များကိုသာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ နောက်ဆုံးသဘောင်္ကိုတော့ တိုကျိုမြို့ရဲ့ မြောက်ဘက် မိုင် ၂၅၀ အကွာမှာရှိတဲ့ Fukui ဆိပ်ကမ်း မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ခဲ့တာဖြစ်ပြီး ထို သဘောင်္ပေါ်မှာလည်း အလောင်း ၃ လောင်းပါဝင်လာတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့ ကအတည်ပြုပေးခဲ့တာကတော့ ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းတွေအားလုံးဟာ အရိုးစုတွေလို ဖြစ်နေတယ်လို့လည်း ဂျပန် ရုပ်သံ သတင်းလိုင်း NHK က တင်ပြခဲ့ပြန်ပါတယ်။ သဘောင်္ပေါ်မှာ ပါဝင်တဲ့ အ၀တ်အစား တွေကို ကြည့်လိုက်တဲ့အခါမှာတော့ မြောက်ကိုရီးယား အလံ တွေ ဖြစ်နေတာကို တွေ့ရပြန်ပါတယ်။ သဘောင်္တစ်စီးမှာလည်း "မြောက်ကိုရီးယားပြည်သူ့တပ်မတော်" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားတာ တွေ့ရပါတယ်။

ဒီသဘောင်္တွေဟာ မြောက်ကိုရီးယား ငါးဖမ်းအဖွဲ့တွေ (သို့) ကင်ဂျုံ အွန်ရဲ့ အုပ်ချုပ်မှု အောက်က ထွက်ပြေးလာတဲ့ ပြည်သူတွေလည်း ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံရဲ့ သဘောင်္တွေဟာလည်း အနောက်နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အလွန် ရိုးရှင်းနေပါတယ်။ ရေဒါလည်း မပါသလို မောင်းနှင်ရတာလည်း ခက်ခဲပါတယ်။

ကမ်းခြေ လုံခြုံရေး အဖွဲ့က NHK သတင်းဌာနကို ပြောပြခဲ့တာက ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ သဘောင်္နဲ့ ပတ်သက်တဲ့ ခိုင်လုံတဲ့ အကြောင်းအရင်းကို မသိရမချင်း ရှာဖွေနေရဦးမှာ ဖြစ်တယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment