Powered by Blogger.

မြေပြင်အထက် ၁၆၄ ပေ အမြင့်မှာ အ၀တ် ပုခက်များ ချိတ်ဆွဲပြီး ညအိပ်ခဲ့ကြသူများ




ဒီဓါတ်ပုံတွေကတော့ မကြောက်တတ်သူတစ်စု ဟာ မြေပြင်အထက် ၁၆၄ ပေ အမြင့်မှာရှိတဲ့ ၀ါယာကြိုးမှာ သက်တန့်ရောင်စုံ အ၀တ် ပုခက်များ ချိတ်ဆွဲကာနေထိုင်နေကြပုံပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းဟာ သက်သက် စတန့်ထွင်နေတာတော့မဟုတ်ပါဘူး။ ဒီ ပြကွက်ဟာ ပထမ ကမ္ဘာစစ်မှာ သေဆုံးသွားကြတဲ့ စစ်သားတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ စွန့်စားပြတဲ့ ပြကွက်တစ်ခုပဲ ဖြစ်ပါတယ်။

လူဦးရေ ၂၆ ယောက်ပါဝင်တဲ့ မကြောက်တတ်သူ လူတစ်စုဟာ အီတလီ နိုင်ငံ Dolomites တောင်တန်းဒေသမှာ ရှိတဲ့ Monte Piana တောင်ပေါ်က ၂၀၉ မီတာ ရှည်လျားတဲ့ လျိုမြောင်ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့အဖွဲ့ဟာ တောင်ထိပ် မြေပြင်အထက် ၁၆၄ ပေ မှာ ရောင်စုံ ပုခက် ၁၇ ခုကို ချိတ်ဆွဲပြီး ထို ပုခက်တွေအတွင်းမှာ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့ဟာ ထို ပုခက်တွေအတွင်းမှာ သတင်းစာဖတ်ခြင်း ၊ တူရိယာ များတီးခတ်ခြင်း ၊ အစားအသောက်များ လက်ဆင့်ကမ်း စားသုံးခြင်း စတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

ထို အဖွဲ့ဝင်တွေဟာ များသောအားဖြင့် အားကစားသမားတွေဖြစ်ကြပြီး အားလုံးဟာ အမြင့်တစ်နေရာမှာရှိတဲ့ ကြိုးတန်းပေါ်လမ်းလျှောက်ခြင်း ကို ကောင်းစွာ လေ့ကျင့်ထားကြသူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ဟာ ထို အ၀တ် ပုခက်တွေအတွင်းမှာ တစ်ညတာ ကုန်ဆုံးခဲ့ပြီး မနက်ပိုင်းမှာတော့ အခြား ခရီးသွားတွေနဲ့အတူ တောင်အောက် ပြန်လည် ဆင်းသက်ခဲ့ကြပါတယ်။

သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှု တွေကို မှတ်တမ်းတင်ခဲ့တဲ့ သြစတြေးလျ ဓါတ်ပုံဆရာ Sebastian Wahlhuetter ကတော့ "ဒီလူတွေ ဒီလို ထူးဆန်းတဲ့ ပရောဂျက် တစ်ခုကို လုပ်နေတာကို ကြည့်ရတာ အမြဲတမ်း အတွက် အကောင်းဆုံး အတွေ့အကြုံတစ်ခုပါပဲ ။ သူတို့တွေ နေရာရွေးခဲ့ကြတာလည်း သဘာဝ အလှတရား ကိုရွေးချယ်တာမဟုတ်ပဲ သမိုင်းအတွက် အရေးပါတဲ့ နေရာကိုပဲ ရွေးချယ်ခဲ့တာပါ။ ဒီနေရာဟာ ဟင်းလင်းပြင် ပြတိုက်တစ်ခု ဖြစ်ပြီး ပထမကမ္ဘာစစ်မှာ တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့ စစ်သားငယ် ၁၈,၀၀၀  ကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ် " လို့ ဆိုပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment