Powered by Blogger.

တရုတ်ပြည်မှာ လမ်းပေါ် မောင်းနှင်နေတဲ့ ကား ၃ စီး ရုတ်တရက် လေထဲ မြောက်တက်




ဒီဗီဒီယို ဟာ ကားတစ်စီး ရုတ်တရက် လေထဲ မြောက်တက်သွားကာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရတဲ့ အထူးအဆန်း ဗီဒီယိုတစ်ခုပါ။

အင်တာနက် သုံးစွဲသူတွေဟာလည်း ဒီဗီဒီယို ကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ ဒီဗီဒီယိုကို တရုတ်နိုင်ငံမှာ ရိုက်ကူးထားတာဖြစ်ပြီး လမ်းမပေါ် ပုံမှန်အတိုင်းမောင်းနှင်နေတဲ့ ကား ၃ စီး ဟာ ရုတ်တရက် လေပေါ်မြောက်တက်သွားကြပြီး ပြန်အကျမှာတော့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရတာပါ။ ဗီဒီယို ထဲမှာတော့ ဗင်ကား တစ်ဏီးဟာ လမ်းဆုံ တစ်ခုအနားမှာ လမ်းမပေါ် အရှိန် နှေးနှေးနဲ့ မောင်းနှင်းနေရင်းနဲ့ လေပေါ်စတင်မြောက်တက်သွားရတာပါ။

အခြားကားတွေဟာလည်း ထိုဗင်ကားနားအရောက်မှာ အားလုံးလေပေါ်မြောက်တက်သွားကျပြီး ပြန်အကျမှာ ယာဉ်တိုက်မှု တွေဖြစ်ကုန်ကြတာပါ။ ဒဏ်ရာ ရရှိခဲ့သူ ရှိ၊မရှိကတော့ အတိအကျ မသိရသေးပဲ ထို အချိန်မှာသာ လမ်းဖြတ်ကူးမိရင်တော့ မတွေးဝံ့စရာပါ။ အခင်းဖြစ်ပွားရာနေရာကလည်း လူကူးမျဉ်းကြားနေရာမှာ ဖြစ်နေခဲ့လို့ပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကတော့ စစ်ဆေးနေဆဲ ဖြစ်ပြီး ထိုဗီဒီယိုကိုတော့ LiveLeak.com ကနေ တင်ခဲ့တာဖြစ်ပြီး တင်ပြီး ၂ နာရီအကြာမှာပဲ ကြည့်ရှုပြီးသူ ၄၀၀၀ ခန့်အထိ ရှိခဲ့ပါတယ်။

ကြည့်ရှုသူတစ်ယောက်က မှတ်ချက်ပေးခဲ့တာကတော့ လမ်းမပေါ် ပြတ်ကျနေတဲ့ ဓါတ်ကြိုးတစ်ခုကို တစ်ဖက်က ထရပ်ကားက ညိပြီး ဆွဲယူသွားတဲ့အတွက် ဘေးမှာရှိတဲ့ ကားတွေပါ မြောက်တက်လာရတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် တစ်ခြား တစ်ယောက်ကတော့ လက်မခံခဲ့ပဲ အခုလို ပြောထားတာကိုလည်း တွေ့ရပြန်ပါတယ်။

"ငါကတော့ ဘာ ဓါတ်ကြိုးမှ မတွေ့ပါဘူး။ ဒါဟာ ထူးဆန်းပါတယ်။ မမြင်ရတဲ့ သံလိုက်စက်ကွင်းတစ်ခုလိုပဲ ကား ၃စီးလုံး လေထဲ ခုန်တက်သွားရတာပါ။ ဒါဟာ အာကာသထဲကလာတဲ့ ဂြိုလ်သားတွေလည်းဖြစ်နိုင်ပါတယ်" ။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment