Powered by Blogger.

ဒိုင်ဗင်ထိုး၍ ငါးရှာသော ပိန်းညှင်းငှက်၏ ပြီးပြည့်စုံသောပုံရရန် ၆နှစ် နှင့် ၄၂၀၀နာရီကြာမြင့်ခဲ့



အဖိုးဖြစ်သူနှင့်အတူ ငယ်စဉ်ဘဝက ပိန်းညှင်းငှက်တွေကို ကြည့်ရှုခဲ့တဲ့ ကလေးဘဝမှတ်ဉာဏ်ကို ပြန်ရရန်အတွက် ဓာတ်ပုံဆရာတစ်ယောက်ဟာ ပိန်းညှင်းငှက်တွေကို ဓာတ်ပုံလိုက်ရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒိုင်ဗင်ထိုးပြီး ငါးရှာတဲ့ ပိန်းညှင်းငှက်တစ်ကောင်ရဲ့ ပြီးပြည့်စုံတဲ့ပုံကို ရဖို့အတွက် ၆နှစ်ကြာမြင့်ခဲ့ပြီး ဓာတ်ပုံပေါင်း ၇၂၀၀၀၀ ကို ကြိုးစားရိုက်ကူးခဲ့ရပါတယ်။


အသက် ၄၆နှစ်ရှိပြီဖြစ်တဲ့ Alan McFadyen ကို အဖိုးဖြစ်သူ Robert Murray ဟာ ပိန်းညှင်းငှက်သိုက်ဆောက်တာ ကြည့်ဖို့အတွက် လွန်ခဲ့တဲ့နှစ် ၄၀က ခေါ်သွားလေ့ရှိပါတယ်။ ဓာတ်ပုံဆရာဖြစ်သူ Alan ဟာ အရွယ်ရောက်လာတဲ့အခါ သူကလေးဘဝတုန်းက သွားရောက်လည်ပတ်ခဲ့တာတွေကို အမှတ်ရဆဲဖြစ်ပြီး ပိန်းညှင်းငှက်တစ်ကောင်ရဲ့ ပြစ်မျိုးမှည့်မထင် ဒိုင်ဗင်ထိုးနေတဲ့ ပုံကို ဖမ်းမိဖို့အတွက် နေ့စဉ် ဓာတ်ပုံ ရာနဲ့ချီရိုက်ခဲ့တာ ၆နှစ်ကြာမြင့်သွားပါတယ်။ နောက်ဆုံးမှာတော့ ပြီးပြည့်စုံတဲ့ပုံကို သူ ရရှိခဲ့တာပါပဲ။

ပိန်းညှင်းငှက်သိုက်ဟာ ဒီရေကြောင့် နှစ်စဉ် ရေကြီးခဲ့တာကြောင့် ပိန်းညှင်းငှက်သိုက်တွေ ရေရှည်တည်တံ့စေရေးအတွက် ဓာတ်ပုံဆရာ Alan ဟာ ကမ်းနဖူးမှာ ကြွင်းတူးပြီး ရွံ့နဲ့မွမ်းမံပေးခဲ့ပါတယ်။ ပိန်းညှင်းငှက်တွေ ရေကန်ထဲ ဒိုင်ဗင်ထိုးတာကို ဓာတ်ပုံရိုက်ကူးဖို့အတွက် သူဟာ တစ်ပတ်ကို အကြိမ်အနည်းငယ်နှုန်း (တစ်နှစ်အတွင်း ရက် ၁၀၀) နဲ့ သွားရောက် ရိုက်ကူးခဲ့ပါတယ်။

"ဒီလို ရိုက်ချက်မျိုးကို ရတဲ့လူ ဒီကမ္ဘာပေါ်မှာ သိပ်မရှိပါဘူး။ ပိန်းညှင်းငှက်တွေ ဒိုင်ဗင်ထိုးတာက ကျည်ဆံတွေလိုပဲ အရမ်းမြန်တဲ့အတွက် ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ အရမ်းကံကောင်းမှ။ ပြီးတော့ အရမ်းလဲ စိတ်ရှည်ဦးမှ။" လို့ ဓာတ်ပုံဆရာ Alan ကပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Daily Mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment