Powered by Blogger.

နယူးယောက်မြို့ကို တိုက်ခိုင်ဦးမည်ဟု ISIS ခြိမ်းခြောက်




အသစ်ထွက်ရှိလာတဲ့ ဗီဒီယိုဖိုင်မှာ နယူးယောက်မြို့ကို ဗုံးခွဲတိုက်ခိုက်မယ်လို့ ISIS က ခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဝါရှင်တန် ဒီ၊စီ၊ ကို တိုက်မယ်ဆိုပြီး ပြောခဲ့ပါသေးတယ်။

ဒီကြည်လင်ပြတ်သားတဲ့ ဗီဒီယိုဖိုင်ကတော့ မန်ဟက်တန် မှာရှိတဲ့ တိုင်းမ် ရင်ပြင်နဲ့ ဟီရယ်လ် ရင်ပြင်တို့မှာ အဝါရောင်တက္ကစီတွေ၊ လူအုပ်ကြီးတွေကို ရိုက်ပြထားတာပါ။ သည်းထိတ်ရင်ဖိုကောင်းတဲ့ ပြင်သစ် ဂီတကိုလည်း နောက်ခံအဖြစ် လုပ်ထားပါသေးတယ်။

အဲ့ဒီ့နောက်တော့ လူတစ်ယောက်က လူအုပ်ထဲကိုဝင်ပြီး ဗုံးမဖောက်ခင် သူ့ ခါးမှာ ဗုံးပတ်ထားကို ရိုက်ပြထားပါတယ်။ ဒီဗီဒီယိုဖိုင်ကို သတိထားနေကြောင်း နယူးယောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီမြို့ကို တိုက်ရိုက်ခြိမ်းခြောက်ထားတာမျိုး မရှိပေမဲ့၊ စောင့်ကြည့်သတိထားဖို့ရာ အသားပေးဖော်ပြထားတဲ့ အခြေအနေရှိကြောင်း နယူးယောက်ရဲတွေက ထပ်မံပြောကြားခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်မှာ၊ အသေခံဗုံးခွဲဖို့အတွက် ကြိုတင်ပြင်ဆင်ကာ၊ အပေါ်မှ ဂျာကင်အကျီင်္ကို ထပ်ဝတ်တာ၊ လက်ပစ်ဗုံးလို့ထင်ရတဲ့ သော့ချိတ်လိုလိုအရာကို စနက်တန်ဖြုတ်နေတာ၊ စတဲ့ ရိုက်ကွက်တွေ ပါဝင်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment