Powered by Blogger.

စအိုလမ်းကြောင်းထဲ ရွှေချောင်းလေးချောင်း ခိုးသယ်လာတဲ့ အမျိုးသားကို ဖမ်းဆီးမိ




Sri Lanka နိုင်ငံ၊ Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သီရိလင်္ကာနိုင်ငံသားတစ်ဦးကို လုံခြုံရေး တွေက ရှာဖွေစမ်းသပ်ခဲ့ရာမှာ ရွှေချိန် ၄၀၀ ဂရမ်ရှိတဲ့ ရွှေချောင်းတွေကို စအိုခေါင်းပေါင်းထဲကနေ ရှာဖွေ တွေ့ ရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေက သူ့ ကို ဘယ်လိုများ ရိပ်မိသွားပါလိမ့်။ သူလမ်းလျှောက်လာတဲ့ပုံစံက မသင်္ကာဖြစ်စရာ ဖြစ်နေလို့ ဖြစ်နိုင်ပါတယ်။

ယခုနှစ်အတွင်း၊ သီရိလင်္ကာနိုင်ငံမှာ ရွှေချောင်းတွေကို မှောင်ခိုသွင်းဖို့ ကြိုးစားတဲ့လူ ၇၀ ကျော်ကို ဖမ်းဆီး မိပြီး ဖြစ်တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

မှောင်ခိုသမားတွေဟာ Dubai ဒါမှမဟုတ် Singapore ကနေ ဈေးပေါတဲ့ရွှေတွေကို ၀ယ်ယူကာ အိန္ဒိယနိုင်ငံ အတွင်းမှာ အမြတ်အစွန်းနဲ့ ခိုးသွင်းရောင်းချကြလေ့ရှိတယ်လို့ သိရပါတယ်။ ၀ယ်တဲ့လူတွေကလည်း ရွှေချောင်း တွေကို ဘယ်လိုသယ်လာလဲဆိုတာကို မသိကြလို့ ဝယ်ကြတာ ဖြစ်ပါမယ်။

အဆိုပါ အသက် ၄၂ နှစ်အရွယ်အမျိုးသားဟာ သီရိလင်္ကာအစိုးရ၀န်ကြီးဌာနမှာအလုပ်လုပ်သူ ဖြစ်တယ်လို့  ဆိုပေမယ့် ဒီအချက်ကတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment