Powered by Blogger.

ပြင်သစ်လေကြောင်းလိုင်း ရဲ့  Flight ခရီးစဉ်တစ်ခုအတွင်း ချိန်ကိုက်ဗုံး အတု တစ်ခုတွေ့ရှိ




Air France ဆိုတဲ့ ပြင်သစ်လေကြောင်းလိုင်းရဲ့  ပျံသန်းခရီးစဉ် အတွင်း လေယာဉ် အိမ်သာအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ကိရိယာ ဟာ ဗုံးအတု တစ်ခုသာဖြစ်တယ်လို့ လေကြောင်း လိုင်းရဲ့  အမှုဆောင်အရာရှိချုပ် က ထုတ်ဖော်ပြောပြလိုက်ပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းတုန်းက Boeing 777 အမျိုးအစား လေယာဉ်ဟာ အာဖရိက အရှေ့ ပိုင်း မှာရှိတဲ့ Mauritius တိုင်းပြည်ကနေ ပဲရစ်မြို့  Charles de Gaulle လေဆိပ် ကို ဦးတည် ပျံသန်းနေခဲ့ရာကနေ လေယာဉ်မှုးတွေ ဟာ ကင်ညာနိုင်ငံ ၊ Mombasa မြို့ မှာအရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

လေကြောင်းလိုင်းရဲ့  အရာရှိချုပ်ဖြစ်သူ Frederic Gagey က ပြောကြားခဲ့တာကတော့ ထို ကိရိယာ ဟာ ကတ်ထူပြား ၊ စာရွက် တို့နဲ့ ပြုလုပ်ထားပြီး အိမ်သုံး အချိန်တိုင်းကိရိယာ တပ်ဆင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ မစ္စတာ Gagey က သူ့ရဲ့  လေယာဉ် Cabin Crew အဖွဲ့သားတွေအားလုံးကို သူတို့ရဲ့ မှန်ကန်တဲ့ တုံ့ပြန်မှုအတွက် ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။ သူပြောခဲ့တာကတော့ ထို ကိရိယာ ဟာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ မပါဝင်ဘူးလို့  ဆိုပါတယ်။

ထို လေယာဉ်ဟာ ခရီးသည် ၄၅၉ ယောက်ကို တင်ဆောင်လာပြီး ည ၉ နာရီမှာ Mauritius မြို့ ကထွက်ခွာလာကာ လေယာဉ် Crew အဖွဲ့သား ၁၄ ယောက်လည်း ပါဝင်လာတယ်လို့ သိရပါတယ်။ လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ပုံကိုတော့ လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည်တစ်ဦးက အခုလို ရှင်းပြထားပါသေးတယ်။

"လေယာဉ်ဟာ ဖြေးဖြေးချင်း ၊ ဖြေးဖြေးချင်။ ဆင်းသက်ခဲ့ပါတယ်။ ငါတို့လည်း တစ်ခုခုမှားနေပြီဆိုတာသိလိုက်မိပါတယ်။ Air France လေကြောင်းလိုင်းရဲ့  ၀န်ထမ်းတွေဟာ တော်ကြာပါတယ်။သူတို့ဟာလူတိုင်းကို တည်ငြိမ် အောင် ထိန်းထားခဲ့ပါတယ်။ ငါတို့ကတော့ ဘာတွေဖြစ်နေတယ်ဆိုတာ မသိခဲ့ပါဘူး" လို့ မစ္စတာ Lucchini က ဆိုပါတယ်။

ပြင်သစ်နိုင်ငံသားတွေဟာ နိုဝင်ဘာ ၁၃ ရက်နေ့ က လူဦးရေ ၁၃၀ ခန့် သေဆုံးခဲ့ရတဲ့ အစ္စလာမ် အစွန်းရောက် ISIS အဖွဲ့ ရဲ့  ပါရီ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပြီးကတည်းက အရေးပေါ် အခြေအနေ ကြေညာခံထားရတာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment