အများသုံးအိမ်သာအတွင်း လေးရက်ကြာ ပိတ်မိနေစဉ် သိုးမွေးထိုးရင်း စောင့်ခဲ့တဲ့ အဖွားအို
ဗြိတိန် ဘွားဘွားတစ်ယောက် အများသုံးအိမ်သာအတွင်း ၄ရက်ကြာပိတ်မိနေခဲ့ပြီး အနွေးဓါတ်ရစေဖို့ လက်အခြောက်ခံစက်ကို အသုံးပြုကာ အချိန်တွေ ကုန်ဆုံးသွားစေဖို့ အတွက်လည်း သိုးမွေးလည်စည်း ထိုးပြီး စောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။
အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဘွားဘွား Gladys Phillips ဟာ England၊ Felixstowe မှာ ဈေးဝယ်ထွက်ခဲ့ပြီး အများသုံးအိမ်သာ ၀င်ရောက်သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအိမ်သာဟာ သုံးစွဲခွင့်မပြုရသေးဘူးဆိုတာကိုတော့ သူမသိခဲ့ပါဘူး။
Phillips က သူအထဲဝင်ပြီးနောက် တံခါးလော့ကျသွားပြီး အိမ်သာထဲမှာ ပိတ်မိနေပြီဆိုတာကို မကြာခင်မှာပဲ သိရှိသွားပါတယ်။ “ ပထမတော့ ငါထွက်လို့မရတော့ဘူးဆိုတာကို သိပ်သတိမထားမိသေးဘဲ အိမ်သာထဲကိုသာ ပြေးသွားမိတော့တာပါပဲ” လို့ ဆိုပါတယ်။
သူဟာ ပိတ်မိနေပြီး လေးရက်အကြာ အလုပ်သမားတွေ သူ့ကိုပြန်လည်တွေ့ရှိချိန်မှာတော့ သူ့ရဲ့လည်စည်းပ၀ါကို အဆုံးသတ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဘွားဘွားက သူဟာဖုန်းသုံးလေ့မရှိဘဲ တစ်ယောက်ထဲနေထိုင်တာမို့ သူ့မိသားစုဝင်တွေဟာလည်း သူပျောက်ဆုံးနေတာကို မသိကြပါဘူးတဲ့။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Upi
0 comments:
Post a Comment