Powered by Blogger.

ကင်ညာက အကြမ်းဖက်တိုက်ခိုက်မှုမှာ မူဆလင်တွေက ခရစ်ယာန်တွေကို ၀န်းရံ ကာကွယ်ပေးခဲ့




ကင်ညာနိုင်ငံ မြောက်ပိုင်းက Mandera မြို့မှာ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်သမားတွေ လို့ ယူဆရသူတွေရဲ့  လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူ ၂ ယောက် သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း သတ္တိရှိတဲ့ မူဆလင် အဖွဲ့တစ်ဖွဲ့ရဲ့ လုပ်ရပ်သာ မရှိခဲ့ရင် သေဆုံးမှု နှုန်းတွေပိုများလာဖွယ်ရှိပါတယ်။ မျက်မြင်သက်သေတွေရဲ့  ပြောကြားချက် အရ ထို အကြမ်းဖက်သမား တွေက ဘတ်စ်ကားတစ်စီး ပေါ်ကလူတွေကို အဖွဲ့တွေခွဲကြဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒါကို ကားပေါ်မှာ ပါလာတဲ့ မူဆလင်တွေက ငြင်းဆန်ကာ ခရစ်ယာန်တွေကို ၀န်းရံ ပေးခဲ့တယ်လို့ Daily Nation သတင်းစာက ဖော်ပြထားပါတယ်။

"သူတို့က ဘယ်သူ ခရစ်ယာန် ဟုတ်တယ်/မဟုတ်ဘူးဆိုတာကို ခွဲခြားသိနိုင်ဖို့ ကြိုးစားခဲ့တာပါ။ သူတို့က ခရစ်ယာန် မဟုတ်သူတွေကို ကားပေါ်ပြန်တက်ဖို့ ပြောခဲ့ပါတယ်" လို့ နယ်မြေ ကော်မရှင်နာ Julius Otieno က ပြောပါတယ်။

"ဒီဒေသခံတွေက မျိုးချစ်စိတ်ကို ပြသခဲ့တာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ၀န်းရံကာ အကြမ်းဖက်သမားတွေကို သူတို့အားလုံးကိုသတ်ရင်သတ် ၊ မဟုတ်ရင် အားလုံးကို လွှတ်ပေးဖို့ ပြန်တောင်းဆိုခဲ့တာပါ" လို့ Mandera မြို့တော်ဝန် Ali Roba က ဆိုပါတယ်။ ကင်ညာ ဒေသန္တရ  ညိုနှိုင်း ဆောင်ရွက်သူ တစ်ဦးဖြစ်တဲ့ Mohamud Saleh ရဲ့ ပြောကြားချက်အရတော့ ထိုတိုက်ခိုက်မှုမှာ လူ ၃ ယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment