Powered by Blogger.

ဘရူနိုင်းဘုရင်က ခရစ်စမတ်ပွဲတော်ဆင်နွှဲသူ မူဆလင်တွေ ကို ထောင်ချမယ်လို့ဆို




ဘရူနိုင်းဆူလ်တန်ဘုရင်ဟာ ခရစ်စမတ်ပွဲတော်ကို တရားမ၀င်ဆင်နွှဲသူတိုင်းကို တွေ့ ရှိပါက ထောင်ဒဏ်ငါးနှစ် အထိ ကျခံဖို့ အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဘော်နီယိုကျွန်းက ရှေးရိုးစွဲမူဆလင်နိုင်ငံ၊ ဘရူနိုင်းမှာ ခရစ်စမတ်ကတ်ပေးပို့ သူ ဒါမှမဟုတ် ဆန်တာဦးထုပ် ဆောင်းသူတွေပါမကျန် တွေ့ ရှိပါက ဒီအပြစ်ဒဏ်သက်ရောက်မှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

မူဆလင်ဘာသာဝင်မဟုတ်သူတွေအနေနဲ့ တော့ ခရစ်စမတ်ဆင်နွှဲခွင့်ရှိပြီး၊ ဒါပေမယ့် အာဏာပိုင်တွေကို ပထမဦးဆုံးအကြောင်းကြားရမှာဖြစ်ကာ၊ မိမိဘာသာဝင်အသိုင်းအ၀ိုင်းကြားမှာပဲ ကျင်းပရမှာဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံ၊ ဘာသာရေးဝန်ကြီးဌာန က “ဒီဥပဒေသက်ရောက်မှုစီမံချက်ဟာ မူဆလင်ဘာသာဝင်တွေရဲ့ အယူဝါဒတွေကို ထိပါးနိုင်တဲ့  ခရစ်စမတ်ပွဲတော်ကို အလွန်အကျွံနဲ့  လူပုံအလယ်မှာပေါ်ပေါ်ထင်ထင် ကျင်းပခြင်းကို ထိန်းချုပ်ဖို့ အတွက် ဖြစ်ပါတယ်” လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ခရစ်စမတ်ပွဲတော်အခမ်းအနားအတွင်း၊ လက်ဝါးကပ်တိုင်၊ ခရစ်စမတ်သစ်ပင်ပြုလုပ်ခြင်း၊  ခရစ်စမတ်သီချင်း ဆိုခြင်း၊ ခရစ်စမတ်မင်္ဂလာစကားပေးပို့ ခြင်း၊ စတဲ့ ခရစ်ယာန်ဘာသာကို ကြည်ညိုမှုသဘောသက်ရောက်တဲ့ အရာမှန်သမျှ လုပ်တဲ့ မူဆလင်တွေဟာ အစ္စလာမ်အယူဝါဒနဲ့ တလွဲဖီလာဖြစ်နေပါတယ်။
တစ်ချို့ ကတော့ ဒါဟာ ပေါ့ပြက်ပြက်ကိစ္စလို့ ထင်ကာ၊ ရေးကြီးခွင်ကျယ်မလုပ်သင့်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် မူဆလင်လူမျိုးတွေနဲ့ ဇိကရ်နိုင်ငံတစ်နိုင်ငံအနေနဲ့ တော့၊ ကျွန်တော်တို့ ဟာ တခြားဘာသာရေး အခမ်းအနားတွေဟာ အစ္စလာမ်ရဲ့အယူဝါဒကိုသက်ရောက်မှုရှိနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်” လို့  ဗလီဘာသာရေးဆရာအဖွဲ့ တစ်ဖွဲ့ ကလည်း ယခုလအစောပိုင်းက ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါပေမယ့် တစ်ချို့ ဘရူနိုင်းနိုင်ငံသားတွေကတော့ ဒီတားမြစ်ချက်ကို ဆန့် ကျင်ကာ၊ ဆိုရှယ်မီဒီယာမှာ #MyTreedom ဆိုတဲ့ hashtag နဲ့ ခရစ်စမတ်ပုံတွေ တင်နေကြတယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Telegraph


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment