သမိုင်းဝင် နာမည်ကျော်ခေါင်းဆောင်ဖြစ်တဲ့ ဂျာမန်လူမျိုး နာဇီချေမှုန်းရေးသမားကြီး Adolf Hitler မှာ ကပ္ပါယ်အိတ်(ဝှေးစေ့) တစ်လုံးသာ ရှိကြောင်း ထင်ရှားတဲ့သက်သေကို ဂျာမန်သမိုင်းပညာရှင်တစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ စစ်ပွဲကြောင့်ရရှိတဲ့ဒဏ်ရာမဟုတ်ဘဲ မွေးရာပါချွတ်ယွင်းချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
Erlangen-Nuremberg University မှ ပါမောက္ခ Peter Fleischmann ၁၉၂၃ ခုနှစ်က ဆေးမှတ်တမ်းတွေအရ ဟစ်တလာဟာ ညာဘက်ဝှေးစေ့ဟာ ပုံမှန်မဟုတ်ကြောင်း ထုတ်ဖော်သိရှိခဲ့တာဖြစ်ပါတယ်။ မှတ်တမ်းအရ ဒေါက်တာ Josef Steiner Brin ဟာ ဟစ်တလာ Munich တိုက်ပွဲမှာ စစ်ရှုံးပြီး Landsberg အကျဉ်းထောင်အတွင်း အဖမ်းခံထားရစဉ်က စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Upi
0 comments:
Post a Comment