Powered by Blogger.

ဗြိတိန် ခြေလျင်စစ်တပ်မှာ အမျိုးသမီးစစ်သည်တွေကို တာဝန်ထမ်းဆောင်စေတော့မည်




အမျိုးသမီး စစ်သည် တွေကို ရှေ့ တန်းစစ်ဆင်ရေးသို့ တာဝန်ထမ်းဆောင်စေခြင်းအား တားမြစ်ထားမှုကို နောက်နှစ်မှာ ပယ်ဖျက်သွားမယ်လို့ ဗြိတိန် ၀န်ကြီးချုပ် David Cameron က ကြေညာလိုက်ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေဟာ မြေပြင်စစ်ဆင်ရေးမှာ စစ်တပ်နဲ့ အတူ ပါဝင်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။

"ငါတို့ဟာ ငါတို့ရဲ့  လက်နက်ကိုင်တပ်ဖွဲ့ တွေမှာ အမျိုးသမီး ရေငုပ် သဘောင်္သား တွေကို စတင်မိတ်ဆက်ခဲ့ပြီး အမျိုးသမီးတွေဟာ စစ်ဆင်ရေးတိုင်းမှာ အမြင့်ဆုံး ရလဒ်တွေရှိလာခဲ့ပါတယ်။ ငါတို့ဟာ ဒီအလုပ်ကို နောက်နှစ်မှာ အဆုံးသတ်သွားမယ်။ ပြီးတော့ အမျိုးသမီးတွေ မြေပြင် စစ်ဆင်ရေးတွေမှာ ပါဝင်လာနိုင်အောင် လမ်းတွေ ဖွင့်ပေးသွားမယ်" လို့ ၀န်ကြီးချုပ် David Cameron က ဆိုခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန် ပါလီမန် လွှတ်တော် အတွင်း အငြင်းပွားဖွယ် ရာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အရိပ်အသွင်ကာကွယ်ရေး အတွင်းရေးမှုး ဖြစ်သူ အမျိုးသမီး Maria Eagle ကတော့ အမျိုးသမီးတွေ အနေနဲ့ စစ်တပ် ၊ တော်ဝင် ရေတပ် နဲ့ တော်ဝင် လေတပ်တို့မှာ တာဝန်ထမ်းဆောင်စေခြင်းဟာ ဗြိတိန် နိုင်ငံ ကို ပိုမို ခေတ်မီလာစေတဲ့အတွက် ၀န်ကြီးချုပ်ရဲ့  ကြေညာချက်ကို ထောက်ခံခဲ့ပါတယ်။

စစ်တပ် ရဲ့  ညွှန်ကြားရေးမှုး ဟောင်းဖြစ်သူ ဗိုလ်မှုးကြီး  Richard Kemp ကတော့ ခြေလျင်တပ်သားတစ်ယောက်အနေနဲ့ တိုက်ပွဲဝင်ခြင်းဟာ စစ်တပ်ရဲ့ အခက်ခဲဆုံး တာဝန်ဖြစ်တဲ့ အတွက် အမျိုးသားတွေနဲ့ သာ သင့်တော်တယ်ဆိုတဲ့ ငြင်းဆိုချက်ကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment