Powered by Blogger.

လတ်ဗီးဂတ်စ် တွင် လမ်းလျှောက်နေသူများကို ကားတစ်စီး ၀င်တိုက်မှုကြောင့် ၁ ဦးသေ ၊ ၃၀ ကျော် ဒဏ်ရာရရှိခဲ့




တနင်္ဂနွေနေ့ညက လတ်စ်ဗီးဂတ်စ် မြို့  ရဲ့ အထင်ကရ Planet Hollywood ဟိုတယ် အရှေ့ မှာရှိတဲ့ ကားလမ်းနံဘေးမှာ လမ်းလျှောက်နေသူတွေထံသို့ ကားတစ်စီး ဟန်ချက်ပျက်ပြီး ၀င်တိုက်ခဲ့တယ်လို့ သိရပါတယ်။ ထို ယာဉ်တိုက်မှုမှာ လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တရားဝင်ပြောကြားချက်အရတော့ အဆိုပါ ဖြစ်ရပ်မှာ လူတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေဟာ အခင်းဖြစ်ပွားရာ နေရာကို အလျင်အမြန်ရောက်ရှိလာပြီး ဒဏ်ရာရရှိသူတွေကို အနီးဆုံးမှာရှိတဲ့ ဆေးရုံတွေကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားတာကတော့ ဒဏ်ရာရသူတွေထဲက ၇ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

ထို ထိခိုက်မှု ဖြစ်စေခဲ့တဲ့ ယာဉ်မောင်းကိုတော့ ဖမ်းဆီး ထိန်းသိမ်းထားပြီး သက်ဆိုင်ရာကတော့ ဘာကြောင့် ဒီလို ဖြစ်ရတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : TMZ
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment