Powered by Blogger.

ဂျက်စတင်ဘီဘာ ဓါတ်ပုံကြီး ညတိုင်းဖက်အိပ်တဲ့ အမျိုးသမီး




စူပါမားကတ်တစ်ခုမှာ အလုပ်လုပ်သူ အမျိုးသမီးတစ်ဦးဟာ ကနေဒီးယန်း ပေါ့ပ်စတား ဂျက်စတင်ဘီဘာ ရဲ့  လူအရွယ်အစား ရှိတဲ့ ဓါတ်ပုံတွေကို ညတိုင်းဖက်အိပ်ပြီး သူမဟာ ဂျက်စတင်ဘီဘာ ရဲ့  ကမ္ဘာ့ အဆိုးဆုံး အမာခံ ပရိတ်သတ်တစ်ယောက်ဖြစ်တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

အသက် ၂၂ နှစ် ရှိနေပြီဖြစ်တဲ့ Gabrielle Newton ဟာ သူမရဲ့ နာမည်ကိုပင် Gabrielle Newton-Bieber လို့ ပြောင်းလဲထားပါတယ်။ အဲဒီလို ပြောင်းလဲလိုက်ခြင်းအားဖြင့်လည်း သူမနဲ့ ဂျက်စတင်ဘီဘာ နဲ့ လက်ထပ်ထားတယ်လို့ ထင်မှတ်ခံစားမိစေတယ်လို့ သူမက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ်အတွင်း သူမဟာ ဂျက်စတင်ဘီဘာနဲ့ ပတ်သက်တဲ့ တက်တူး ၅ ခုတိတိ ထိုးခဲ့ပြီး တစ်ခုကတော့ သူမရဲ့  ရင်သား အောက်မှာ ဖြစ်ပါတယ်။ သူမဟာ ဂျက်စတင်ဘီဘာ နဲ့အတူ ကလေးတွေ မွေးဖွားဖို့ လည်း မျှော်လင့်ထားပါတယ်။

သူမဟာ ဂျက်စတင်ဘီဘာရဲ့  သီချင်းခွေ တွေ ၊ DVD ခွေတွေ ၊ ရေမွှေးတွေ ၊ လက်သည်းအလှဆင် ပစ္စည်းတွေ ၊ မိတ်ကပ်တွေ အားလုံးကိုလည်း ၀ယ်ယူထားပြီး သူမရဲ့  ဗီရိုထဲမှာလည်း ဂျက်စတင်ဘီဘာ နဲ့ ပတ်သက်တဲ့ အ၀တ်အစားတွေ ပြည့်နေပြီး သူမ ရဲ့  အိမ်နံရံဟာလည်း ဂျက်စတင်ဘီဘာရဲ့  ပိုစတာ တွေနဲ့ ပြည့်နှက်နေပါတယ်တဲ့။

သူမကတော့ Nottinghamshire မြို့ မှာနေထိုင်သူဖြစ်ပြီး သူမ ရဲ့ နာမည်ကို ပြောင်းလဲပေးဖို့လည်း သူမရဲ့  မိခင်ကို တောင်းပန်ထားရသူဖြစ်ပါတယ်။သူမ ညတိုင်းဖက်အိပ်တယ်လို့ ၀န်ခံထားတဲ့ ဂျက်စတင်ဘီဘာ ရဲ့  လူအရွယ်အစား ကတ်ထူပြား ဓါတ်ပုံကိုတော့ သူမ ၁၆ နှစ် အရွယ်တုန်းက ဂျက်စတင်ဘီဘာ နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။




( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment