Powered by Blogger.

၇ ပေါင် အလေးချိန်ရှိတဲ့ ဆေးခြောက်တွေ အိမ်တစ်အိမ်ရှေ့မှာ မေ့ကျန်ခဲ့




အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် ၊ အာလင်းတန် မြို့ က မိသားစုတစ်စုဟာ သူတို့အိမ်တံခါးဝမှာ လာပို့သွားတဲ့ ၇ ပေါင်အလေးချိန်ရှိဆေးခြောက်ပါကင်ဗူးကြီးကို လက်ခံရရှိပါသတဲ့။

ရဲတွေအဆိုအရ ပို့ဆောင်ပေးရမယ့် လိပ်စာကမှန်နေပေမယ့် ပါဆယ်ပေါ်မှာ ရေးထားတဲ့နာမည်ကတော့ မိသားစုဝင်တွေထဲက နာမည်တွေနဲ့မတူဘူးလို့ သိရပါတယ်။

ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ Christopher Cook က ပစ္စည်းပြန်ပို့ပေးရမယ့် လိပ်စာကို ရှာဖို့ ပါဆယ်ကိုဖွင့်လိုက်ချိန်မှာမှ အထဲမှာ ဘာတွေပါတယ်ဆိုတာကို သိရှိသွားကြတာလို့ ဆိုပါတယ်။

 “ ပြီးတော့ အစိမ်းရောင်အရွက်လိုဟာတွေကို တွေ့ပြီး အနံ့ကလည်း ဆေးခြောက်နံ့ဖြစ်နေလို့ သူတို့အထင် တစ်ယောက်ယောက်က လုပ်ကြံတယ်ထင်တဲ့အတွက် ကျွန်တော်တို့ကို သူတို့ တကယ်ကို ထိတ်လန့်သွားကြတယ် သိသာလွန်းတော့ ကျွန်တော်တို့လည်း ဒီမိသားစု ဘာမှမလုပ်ထားဘူးဆိုတာကို ချက်ချင်းပဲ သိရတာပေါ့” လို့လည်း ထပ်မံပြောကြားထားပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment