Powered by Blogger.

ရည်းစားနဲ့ စကားများပြီး ဓာတ်တိုင်ပေါ်ဖက်တက်ခဲ့တဲ့တရုတ်အမျိုးသား မီးစွဲလောင်ကာ မြေပေါ်ပြုတ်ကျ




တရုတ်အမျိုးသားတစ်ဦးဟာ ရည်းစားဖြစ်သူနဲ့ စကားများပြီးနောက် ဗို့ အားမြင့်လျှပ်စစ်ဓာတ်တိုင်ပေါ် ဖက်တက်ခဲ့တာကြောင့် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ဓာတ်တိုင်ထိပ်ထိ ဖက်တက်သွားပြီးနောက်မှာ၊ ဓာတ်ကြိုးတွေနဲ့ မတော်တဆအရမ်းနီးကပ်သွားကာ ခန္ဓာကိုယ်ထဲ ဗို့ အားထောင်ကျော်စီးဝင်ကာ မီးလောင်ကျွမ်းသွားခဲ့ပါတယ်။ ထို့ နောက် အဆိုပါ တရုတ်အမျိုးသားဟာ ၁၅ ပေအမြင့်ကနေ မြေပေါ်ပြုတ်ကျခဲ့ပြီး နောက်ထပ်ဒဏ်ရာတွေပါ ရခဲ့တယ်လို့  တရုတ်မီဒီယာတစ်ခုအရ သိရပါတယ်။

မျက်မြင်သက်သေတွေရိုက်ကူးထားတဲ့ဗီဒီယိုအရ Mr Luo လို့ သာအမည်သိရတဲ့ အသက် ၃၀ အရွယ်တရုတ်အမျိုးသားဟာ တရုတ်နိုင်ငံအရှေ့ ပိုင်း၊ Jinhua မြို့ လမ်းမပေါ်က  ဗို့ အားမြင့်ကေဘယ်ကြိုးတွေ နားမှာ ထိုင်နေတာကို တွေ့ မြင်ရပါတယ်။ ထို့ နောက် အနီးနားကလူတွေရိုက်ထားတဲ့ဓာတ်ပုံအရ သူဟာ ဓာတ်ကြိုးတွေကို မထိခဲ့ပေမယ့်လည်း၊ လျှပ်စီးကြောင်းဟာ သူ့ ခန္ဓာကိုယ်ထဲ လျှပ်ကူးကာ မီးလောင်ကျွမ်းခဲ့ရ တာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဝုန်းခနဲလျှပ်စစ်ပေါက်ကွဲသံနဲ့ အတူမီးပွားတွေကို တွေ့ မြင်ခဲ့ရပြီး Mr Luo ထိုင်နေတဲ့နေရာကို မီးလောင်ကျွမ်းကာ  Mr Luo ကတော့ ပေါက်ကွဲမှုကြောင့် မီးစွဲကာ မြေပေါ်ပြုတ်ကျသွားခဲ့ပါတယ်။

Shanghaiist သတင်းဌာနရဲ့ဖော်ပြချက်အရ Mr Luo ဟာ ယခုအခါ အသက်အန္တရာယ် မစိုးရိမ်ရတော့တဲ့အခြေအနေမှာရှိပြီး၊ ဆိုးရွားတဲ့ မီးလောင် ဒဏ်ရာ တွေတော့ ရရှိခဲ့တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment