Powered by Blogger.

ကိုယ်ဝန်သည် အမျိုးသမီးတစ်ယောက် ဘတ်စ်ကားမှတ်တိုင်မှာ အောင်မြင်စွာ ကလေးမွေးနိုင်ခဲ့




ဝါရှင်တန် မြို့  ဘတ်စ်ကား မှတ်တိုင် တစ်ခုမှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာဟာ အမျိုးသမီးတစ်ယောက် ကားမှတ်တိုင်မှာ ကလေးမွေးနေတာကို မှတ်တမ်း ရိုက်ကူးထားနိုင် ခဲ့ပါတယ်။

ထို ကလေးမွေးခဲ့သူ အမျိုးသမီး Mary Jones က ပြောကြားခဲ့တာကတော့ သူမဟာ Spokane Transit Authority Plaza မှာ ရောက်ရှိနေစဉ် သူမဟာ ရေမြွှာ ပေါက်တော့မယ် လို့ ခံစားလာရပါတယ်တဲ့။ "ကျွန်မ အဆင်သင့်ဖြစ်နေပြီဆိုတာ ကျွန်မသိတယ် ၊ ကျွန်မ လုံခြုံရေး တစ်ယောက်ယောက်ကို အော်ဟစ် အကူအညီ တောင်းခဲ့ပါတယ်။" လို့ Jones က KHQ-TV က ဆိုပါတယ်။

Spokane မီးသတ် ဌာန မှာရှိတဲ့ မီးသတ်သမားတွေနဲ့ ရှေးဦးသူနာပြု အဖွဲ့တွေလည်း မကြာခင်မှာ ပဲ ရောက်ရှိလာခဲ့ပြီး Jones ဟာလည်း မိနစ် ၃၀ ခန့်ကြိုးစားပြီးတဲ့နောက်မှာ သမီးလေး တစ်ယောက်ကို မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

"ကျွန်မ တစ်ကယ်ကို ပလာဇာမှာ ကလေးမွေးခဲ့ရတာပါ။ သူတို့တွေဟာ ကျွန်မ ကလေးကို လည်းစောင့်ရှောက်ပေးကြပါတယ်။ ကျွန်မကိုလည်း စောင့်ရှောက်ကြပါတယ်။" လို့ Jones ကဆိုပါတယ်။ Jones ပြောပြခဲ့တာကတော့ သူမရဲ့ ကလေးဟာ သတ်မှတ်ရက်ထက် ၁ လ ခန့် စောပြီး မွေးခဲ့တာ ဖြစ်ပါတယ်တဲ့။

Spokane မီးသတ် ဌာန က တာဝန်ရှိသူတွေကတော့ သူတို့အနေနဲ့ အခုလို သမရိုးကျမဟုတ်တဲ့ အရေးပေါ်အခြေအနေ တစ်ခုကို ကူညီရတာ ၀မ်းသာတယ်လို့ ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment