Powered by Blogger.

ချစ်သူကို ထောင်မှာသွားကြိုဖို့အတွက် ထရပ်ကားကို ခိုးသွားတဲ့သူ


ချစ်သူ ကောင်မလေးကို ထောင်မှာသွားကြိုရမှာကြောင့် ထရပ်ကားခိုးခဲ့တဲ့ သူတစ်ယောက်ဟာ အဖမ်းခံလိုက်ရပါတယ်။

သူ့နာမည်ကတော့ Miguel Redshirt ဖြစ်ပြီး သူဟာ Tempe ရဲစခန်းရှိ ကားပါကင်ထဲကို ကားမောင်းဝင်သွားခဲ့ကြောင်း၊ ရဲအရာရှိတစ်ဦးက ကင်းထောက်ကားရှိ ကင်မရာတွေနဲ့လိုင်စင်ပလိတ်ကို ဖတ်ခဲ့ကာ သူ့ကိုဖမ်းခဲ့ကြောင်း အရီဇိုးနား ပြည်နယ်ရှိ ရဲတွေက ပြောပြခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာတော့ ရဲဟာ ခိုးလာတဲ့ကားကို ဓာတ်ပုံရိုက်ကာ Facebook ပေါ်တင်ရင်း "Chivalry: မင်းရဲ့ ကောင်မလေးကို ထောင်မှာ သွားကြိုဖို့အတွက် ထရပ်ကားခိုးခဲ့တယ်။ ခုလေးတင်ဖြစ်သွားခဲ့တာ။ #သိပ်ဆိုး။!!!" ဆိုပြီး ပို့စ်တင်ခဲ့ပါတယ်။

ကားကိုတော့ ပိုင်ရှင်ဆီ ပြန်အပ်လိုက်ပြီလို့ သိရပါတယ်။

( Skyler )

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment