Powered by Blogger.

ISIS အဖွဲ့ဝင်တစ်ဦး လောင်ချာ ပစ်ခတ်ဖို့ကြိုးစားရင်း ဒုံးကျည်မထွက်ပဲ ကိုယ့်ကိုကိုယ် ပေါက်ကွဲသွားစေခဲ့




ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဖြစ်တဲ့ ISIS အဖွဲ့ဝင်တစ်ယောက်လို့ ထင်မှတ်ရသူတစ်ဦးဟာ လောင်ချာ တစ်လက်ကို ထမ်းပြီး ရန်သူ ကို ပစ်ခတ်ဖို့ ကြိုးစားရင်း လောင်ချာရဲ့ ချို့ယွင်းမှုကြောင့် ကိုယ့်ကိုကိုယ် ပြန်လည် လောင်ကျွမ်းစေခဲ့တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

ISIS အဖွဲ့ဝင်တစ်ယောက်လို့ သတ်မှတ်လို့ရတဲ့ အမျိုးသားတစ်ဦးဟာ ထိုဗီဒီယိုထဲမှာတော့ ထိုင်လျက် အနေအထားနဲ့ လောင်ချာ ကို ပြင်ဆင်နေတာ တွေ့ရမှာပါ။ သူ့ရဲ့ ၀တ်စုံကတော့ အနက်ရောင်ဖြစ်ပြီး ကြီးမားတဲ့ လောင်ချာကို သူ့ရဲ့ ပခုံးပေါ်ထမ်းတင်ကာ မတ်တပ်ထလိုက်ပြီး အဆောက်အဦးနံရံ အပေါက်ကြီး က တစ်ဆင့် ရန်သူကို ပစ်ခတ်ဖို့ ချိန်ရွယ်နေပါတယ်။

ဒါပေမယ့်လည်း သူချိန်ရွယ် ပြီးစီးလို့ လောင်ချာကနေ ဒုံးကျည်ကို ပစ်လိုက်တဲ့အခါမှာတော့ လောင်ချာမှာ ချို့ယွင်းချက်ဖြစ်ပေါ်သွားပြီး ဒုံးကျည်ဟာ လောင်ချာထဲမှာပဲ ပေါက်ကွဲသွားကာ ထိုအမျိုးသား ကို လောင်ကျွမ်းပြောက်ကွယ်သွားစေခဲ့ပြီး ထို အခန်းတစ်ခန်းလုံးလည်း မီးခိုးငွေ့တွေနဲ့ သာ ဖုံးလွှမ်းသွားတာကို တွေ့ရပါတယ်။

ထို ဗီဒီယိုဟာ LiveLeak ဆိုတဲ့ ၀က်ဘ်ဆိုက် ကတဆင့် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်အပြီးမှာပဲ ဗီဒီယို ရိုက်ကူးမှု ကို ရပ်နားလိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီဗီဒီယို ဟာ ဘယ်နိုင်ငံမှာ ရိုက်ကူးထားတယ်ဆိုတာနဲ့ ဘယ်သူက ရိုက်ကူးထားတယ်ဆိုတာ ကိုတော့ ပြတ်ပြတ်သားသား သိရှိရခြင်း မရှိသေးပါဘူး။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment