Powered by Blogger.

၁၂နှစ်ကြာ အူကျရောဂါဖြစ်ပြီး ဘောလုံးအရွယ် ဖြစ်လာသော ကပ်ပယ်အိတ်


ဒီခွဲစိတ်မှုကို မော်ရိုကိုနိုင်ငံမှာ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

၁၂နှစ်ကြာ အူကျရောဂါ ဖြစ်ပြီး ဘောလုံးအရွယ်အစားလောက် ဖြစ်လာသော ကပ်ပယ်အိတ်ကို ဆရာဝန်တွေက ဖယ်ထုတ်ပေးခဲ့ရပါတယ်။

အလေးချိန်အရမ်းများလွန်တာကြောင့် အဲ့ဒီ့ရောဂါရှင်ရဲ့ ကပ်ပယ်အိတ်ဟာ ပေါင်လုံးတစ်ဝက်လောက်ထိ ကျနေခဲ့ပါတယ်။ လမ်းလျှောက်ရာ၊ ဆီးသွားရာနဲ့ လိင်ဆက်ဆံမှု ပိုင်းတွေအတွက် သူ့မှာ ပြဿနာရှိခဲ့ရပါတယ်။

အသက် ၆၅နှစ်ရှိပြီဖြစ်တဲ့ သူဟာ ခွဲစိတ်ဖို့ကို ငြင်းဆန်ခဲ့ပြီး ကပ်ပယ်အိတ်ဟာ ကြီးသည်ထက်ကြီးလာတဲ့အတွက်ကြောင့် နောက်ဆုံးမှာ သူ့စိတ်ကို ပြင်ခဲ့ပါတယ်။

CT scan တွေရဲ့ ပြချက်အရ၊ သူ့ရဲ့ အူမကြီးဟာ တင်ပဆုံရိုးနေရာမှာရှိတဲ့ ကြွက်သားတွေကိုတွန်းထိုးပြီး ကပ်ပယ်အိတ်က ရောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ ကပ်ပယ်အိတ်ကို ဆရာဝန်တွေက ခွဲစိတ်လိုက်ရာ သူ့ရဲ့ အူကျထားတဲ့ထဲမှာ အူသိမ်၊ အူမကြီးအောက်ပိုင်းနဲ့ ဆီးအိမ် ပိုင်းတွေဟာ တော်တော်များများ ရောက်နေတာကို တွေ့ရှိခဲ့ရပါတယ်။

သူ့ရဲ့ အူကျထားတဲ့ ကပ်ပယ်အိတ်ဟာ အလျား ၃၀ စင်တီမီတာ၊ အချင်း ၂၃စင်တီမီတာရှိတဲ့အတွက် ဘောလုံးတစ်လုံးထက်တောင် ရှည်ပါသေးတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment